Latest News

Thursday, May 3, 2018

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်နေရာအတွက် ဂျာမန်လူမျိုး အန်တိုနီဟေးနှင့် အကြိုသဘောတူညီထား

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်နေရာအတွက် ဂျာမန်လူမျိုး
အန်တိုနီဟေးနှင့် အကြိုသဘောတူညီထား


ရန်ကုန်   မေ  ၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ် လပ်လျက်ရှိသည့်  မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်နေရာအတွက် အကြို သဘောတူညီမှုရထားသည့် ဂျာမန်လူမျိုး အန်တိုနီဟေးနှင့်အဖွဲ့သည် ယနေ့ နံနက် က   မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်နည်းပြ ဂျာမန်လူမျိုး  ဂတ်ဖရိုင်း ဒရစ်နှင့် လမ်းခွဲပြီးနောက်ပိုင်း နည်းပြသစ် နေရာအတွက် လာရောက်လျှောက်ထား သူ     ၇ဝ   ဝန်းကျင်မှ    ပြန်လည်စိစစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်    အမှုဆောင်အရာရှိ ချုပ် ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်း ရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက် တာနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်တို့သည် အန်တိုနီဟေး နှင့်အဖွဲ့အား အပြီးသတ်စာချုပ် ချုပ်ဆို ရန်၊ နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်မည့်အခြေအနေတို့နှင့်ပတ်သက်၍ ဆွေးနွေး ခဲ့သည်။ အန်တိုနီဟေးနှင့်အတူ   လက် ထောက်နည်းပြအဖြစ် ဟာလက်၊   ဂိုး နည်းပြအဖြစ်    ကာစတန်ဟာဇော့တို့ လည်း လိုက်ပါလာပြီး စာချုပ်ကိစ္စအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ အန်တိုနီဟေး သည် ၂ဝဝ၄ ခုနှစ်တွင် နည်းပြဘဝသို့ စတင်ကူးပြောင်းခဲ့ပြီး အာဖရိကအသင်း များကို အများဆုံးကိုင်တွယ်ခဲ့ကာ လီဆို သို၊ ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာ၊ ရဝမ်ဒါလက်ရွေးစင်အသင်းတို့ကို  ကိုင် တွယ်ခဲ့ဖူးကာ မြန်မာအသင်းကို   ကိုင် တွယ်ပါက အာရှအသင်းများကို   ပထမ ဆုံးကိုင်တွယ်မှု ဖြစ်လာမည်ဖြစ်သည်။ ¤င်းသည် ကစားသမားဘဝတွင် ဂျာမနီ၊ အင်္ဂလန်ကလပ်အသင်းများတွင် ကစား ခဲ့ဖူးကြောင်း သိရသည်။  အန်တိုနီဟေး သည်  မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ပါက ယခုနှစ်အတွင်း   အာရှ အားကစားပြိုင်ပွဲနှင့်    ဆူဇူကီးဖလား ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အန်တိုနီဟေးနှင့်အတူ   လက်ထောက် နည်းပြတစ်ဦး၊ ဂိုးနည်းပြတစ်ဦးတို့ကိုပါ ခန့်အပ်မည်ဖြစ်ပြီး မြန်မာလက်ထောက် နည်းပြတစ်ဦးအား ပူးတွဲတာဝန်ပေးအပ် မည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း(မြန်​မာ့အလင်း)ဓာတ်ပုံ-MFF

No comments:

Post a Comment