Latest News

Thursday, May 3, 2018

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးတရားလွှတ်တော်မှ အမှုတွဲပြန်ရောက်ရှိမလာသေးသဖြင့် ထပ်မံချိန်းဆို

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးတရားလွှတ်တော်မှ အမှုတွဲပြန်ရောက်ရှိမလာသေးသဖြင့် ထပ်မံချိန်းဆို

ရန်ကုန်   မေ   ၃

တရားလွှတ်တော်ရှေ့နေ  ဦးကိုနီအား  သေနတ်ဖြင့် လုပ်ကြံခံရမှု နှင့်ပတ်သက်၍ သေနတ်သမား  ကြည်လင်းနှင့်   ပါဝင်ပတ်သက်သူ  အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အချုပ်လွတ်အာမခံရရှိထားသူ အောင်ဝင်းထွန်းတို့   ရန်ကုန်မြောက်ပိုင်းခရိုင်  အထူးတရားခုံရုံး သို့   မေ ၃ ရက်  နံနက် ၁ဝ  နာရီက  ရုံးထုတ်ရောက်ရှိလာပြီး  စစ်ဆေးမှုပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း အမှုနှင့် ပါဝင် ပတ်သက်သူ  ဇေယျာဖြိုး၏ ရှေ့နေက  စာချွန်တော်လျှောက်ထား လိုကြောင်း  တင်ပြသည်ကို   တရားရုံးက    လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ    ဆောင်ရွက်ရန်    ညွှန်ကြားထားကြောင်း     သိရသည်။

အဆိုပါ   ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီး အမှုအမှတ်   ၄၅/၂ဝ၁၇  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂/ ၃၄/၂၁၂   လူသတ်မှုနှင့် ရာဇဝတ်ကြီးအမှုအမှတ်  ၄၆/၂ဝ၁၇ လက်နက်များအက်ဥပဒေပုဒ်မ  ၁၉(ဃ)(စ)အရ အမှုကိစ္စများ၌   သတင်းနှင့်   ပြန်ကြားရေးတာဝန်ခံအရာရှိ    ဒုတိယခရိုင် တရားသူကြီးဦးရဲလွင်က ''မြောက်ပိုင်းခရိုင် တရားရုံးတွင် ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတဲ့ အမှုတွဲအားလုံးဟာ  တိုင်းဒေသကြီး  တရားလွှတ်တော်ကို  တင်ပို့ထားတဲ့အတွက်  အမှုတွဲ ပြန်ရောက်ရှိမလာသေးတာကြောင့် စစ်ဆေးမှုကို   မလုပ် နိုင်သေးပါဘူး၊  ဒါပေမယ့် ဒီနေ့ရုံးချိန်းမှာ  ဇေယျာဖြိုးရဲ့ရှေ့နေက  တရားရုံးတော်ကို  စာချွန်တော်လျှောက်ထားဖို့  တင်ပြတာရှိတယ်၊ စာချွန်တော် အမှုတွေတင်မယ်၊  လျှောက်ထားမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ  ပေးအပ်ထားတဲ့  နိုင်ငံသားရဲ့အခွင့်အရေးအရ  သက်ဆိုင်ရာ   စာချွန်တော်အမှုတွေ   စီရင်ပိုင်ခွင့်အာဏာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ချုပ်ကို  စာချွန်တော်ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ  ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ကျမ်းကျိန်သူအရာရှိနဲ့အတူ ကျမ်းကျိန်လွှာပါ ပူးတွဲ တင်ပြရမှာဖြစ်လို့   မေ  ၁၇  ရက် ကြာသပတေးနေ့ ရုံးချိန်းမှာ ဆောင်ရွက်ပေးဖို့  ညွှန်ကြားထားတာလေးရှိပါတယ်''ဟု မီဒီယာ များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment