Latest News

Tuesday, May 8, 2018

လိဒ် အသင်းအား ပြစ်တင်ဝေဖန်ခံရ

လိဒ် အသင်းအား ပြစ်တင်ဝေဖန်ခံရ

မနေ့က ရန်ကုန်သို့ ရောက်ရှိလာသည့်
 အင်္ဂလန်၏ ဒုတိယတန်း ဘောလုံးအသင်း
ဖြစ်သော Leed United  အသင်းအား
အင်္ဂလန်ရှိ အတိုက်အခံ လေဘာ ပါတီ
ကြီးမှ အားကစား တာဝန်ခံ ရိုစီနာ အာလီ ခန်
မှ "ကိုယ်ကျင့်တရား ပိုင်းတွင် ခ္ဈတ်ခြုံကျနေ
သော" အသင်းဟု မြန်မာနိုင်ငံသို့ သွား
ရောက်ခဲ့တဲ့ အတွက် အကြီးအကျယ် ပြစ်တင် ဝေဖန်လိုက်ပါ တယ်။

၎င်းတွင်သာမက အင်္ဂလန်တွင်လည်း ဟိုးလေး
တကျေ်ကျော်  ဝေဖန်ပြစ်တင်ခဲ့ကြ
ပါတယ်။ ဗြိတိသျ ဥပဒေပြု အမတ် ငါးယောက်
ကလည်း သွားမည့် ဆုံးဖြတ်ချက်ကို ပြန်လည်
စဉ်းစားပေးရန် စာရေးသား ပေးပို့ခဲ့ကြပြန်ပါ
တယ်။

ဗြိတိန် လူ့အခွင့် အရေး အဖွဲ့ကလည်း ဝေဖန်
ပြစ်တင်ခဲ့ပါတယ်။

လန်ဒန်ရှိ သတင်းစာများကတော့ controversial tour တို့ widespread cirticism
ဆိုတဲ့ ခေါင်းစဉ်များ နဲ့ သတင်း ဖေါ်ပြခဲ့ကြ
ပါတယ်။

တိုင်းပြည်အား ထိုကဲ့သို့ ဝေဖန်လာအောင်
နောက်ကွယ်မှ အကွက်ချပြီး စနစ်တကျ စီမံ
နေကြတာ အထင်အရှား တွေ့နိုင်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး နဲ့ ဓနသဟာယ ၀န်ကြီး
ရုံးကလည်း မြန်မာနိုင်ငံသို့  မသွား မဖြစ်သည့်
မှ တပါး ရှောင်ရှားဖို့ ခရီးသွား အကြံပြု စာ
ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

မည်သို့ ပင် ဆိုစေ သာမန် ဘောလုံးအသင်း
လေး တသင်း လာရောက်မည်ကိုပင် မသွား
သင့်သော နိုင်ငံ အဖြစ် လိဒ် ကို ပြစ်မှတ်ထား
ကာ အကြီးအကျယ် တိုက်ခိုက်
ပုံဖေါ်နေကြပြီ ဖြစ်ပါတယ်။ ထို့ အတွက်
ဥရောပ နဲ့ အမေရိကား က ကုမ္ပဏီကြီးတွေ
လည်း ရင်းနှီးမြုပ်နှံဖို့ လက်တွန့်နေကြတာ
လည်း အဆန်းတော့ မဟုတ်ပါဖူး။

၎င်းတို့ အဖို့က အခုလို ပါးစပ်ကလေးနဲ့သာ
ပြောနေကြခြင်း ဖြစ်ပြီး ယခုအချိန်အထိ ဘင်္ဂါလီများအား  Britain must help! WORLD MUST HELP! လို့
 ပြောနေ ရေးနေကြရတုန်းပဲ ရှိနေပါသေးတယ်။

ကလပ်အသင်း ပိုင်ရှင် အီတလီ လူမျိုး
အင်ဒရီယာ ရာဒရီဇာနီ ကတော့ မြန်မာပြည်ကို
သူ မကြာခဏ သွားလည်ခဲ့ဖူးတယ်လို့ ဆိုပါ
တယ်။ မယုံကြည်နိုင်လောက်အောင်
စိတ်သဘောထား
ကောင်း ပြီး ခင်မင်တတ်တဲ့ မြန်မာလူမျိုးများနဲ့
တွေ့ဆုံခဲ့ရတယ်လို့ ၎င်းရဲ့ ကြေငြာချက်ထဲမှာ
ဖေါ်ပြထားပါတယ်။ ၎င်းက ဒေါ်လာ ၅၁ သန်း
နဲ့ လိဒ် အသင်းကို မနှစ်က ၀ယ်ယူခဲ့သူလည်း
 ဖြစ်ပါတယ်။

လိဒ် အသင်း အခုလို လာရောက်ကစားရန်
ငွေပေးခဲ့တယ်ဆိုသော သတင်းကို ငြင်းဆိုခဲ့ပါတယ်။ သို့သော် ထိုသို့ပွဲစဉ်များ ဖြစ်မြောက်ရန်
ဧရာ ဘဏ်မှ စပွန်ဆာ လုပ်ခဲ့တယ်လို့ ယုံ
ကြည်ရပါတယ်။

အဆိုပါ အသင်းသည် ရန်ကုန်တွင် အသင်း
ပေါင်းစုံ မှ ထိတ်ထိတ်ကျဲ များ ပါဝင်ဖွဲ့စည်း
ထားသော နေရှင်နယ်လိဂ် နှင့် ဒီနေ ကစားမှာ
ဖြစ်ပြီး မန္တလေးတွင် မေလ ၁၂ ရက်နေ့ တွင်
နောက်ထပ် ချစ်ကြည်ရေး ပွဲ ကစာယ
 အုန်းမယ်လို့ သိရပါတယ်။

ပရိသာတ်ကြီး အနေနဲ့လည်း ပိုင်ရှင်ဖြစ်တဲ့
ရာဒရီဇာနှီ အမွှန်းတင်ထားသလို နွေးထွေးချစ်
ကြည်မှု အပြည့်နဲ့ ယဉ်ကျေးစွာ အားပေးကြဖို့
နှိုးဆော်လိုက်ရပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment