Latest News

Tuesday, May 8, 2018

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အနောက်ခြမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဇွန်လတွင် ယာယီရပ်နားမည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အနောက်ခြမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဇွန်လတွင် ယာယီရပ်နားမည်

ရန်ကုန်   မေ   ၇  

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အနောက်ခြမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို မိုးတွင်း ကာလဖြစ်သည့် ဇွန်လတွင် ယာယီရပ်နားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်း   အဆင့်မြှင့်တင်ခြင်း စီမံကိန်းဆောင် ရွက်လျက်ရှိရာ  ကနဦးအနေဖြင့်  တင်ဒါအောင်မြင်သည့် A1ကုမ္ပဏီမှ ဖေဖော်ဝါရီ ၂၁ ရက်က မြို့ပတ်ရထား အနောက်ခြမ်း   အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

''လက်ရှိမှာ တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ အဆင့်မြှင့်တင်တဲ့ လုပ်ငန်းစဉ် အလိုက် ကွင်းဆင်းစစ်ဆေးနေတယ်။ ဒါပေမဲ့ မိုးတွင်းကာလမှာ လုပ်ငန်းစဉ်အားလုံး  ရပ်နားမှာဖြစ်တယ်။ မိုးတွင်းပြီးရင် လုပ်ငန်းအားလုံး ပြန်စမယ်''ဟု အဆိုပါ စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အင်းစိန်-တညင်းကုန်း လမ်းပိုင်းရှိ ရထားသံလမ်းမြှင့်တင်ခြင်း၊ သံလမ်းတစ်လျှောက် ကျောက်ခင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။

 မြို့ပတ်ရထားလမ်း အနောက်ခြမ်းတွင်   အပိုင်း (၁) အနေဖြင့်   တညင်းကုန်း၊  အောင်ဆန်း၊ ဖော့ကန်၊ ရွာမ၊ အင်းစိန်ဘူတာ  ၃ ဒသမ ၇၅ မိုင်ကို လည်းကောင်း၊ အပိုင်း (၂)အနေဖြင့် အင်းစိန်၊ ကြို့ကုန်း၊ သမိုင်း မြို့သစ်၊  သမိုင်း၊ အုတ်ကျင်း၊ သီရိမြိုင်၊ ကမာရွတ်၊ လှည်းတန်း၊ ဟံသာဝတီ၊ ကြည့် မြင်တိုင်ဘူတာ  ၅ ဒသမ ၅ မိုင်ကို လည်းကောင်း၊ အပိုင်း(၃) အနေဖြင့် ကြည့်မြင်တိုင်၊ ပန်းလှိုင်လမ်း၊ အလုံလမ်း၊  ရှမ်းလမ်း၊ ပြည်လမ်း၊ လမ်းမတော်၊ ဘုရားလမ်းဘူတာ ၂ ဒသမ ၇၅မိုင် တို့ကို လည်းကောင်း အသီးသီး သတ်မှတ်ထားပြီး လုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ရထားလမ်းအရှေ့ခြမ်း အဆင့်မြှင့်တင်ခြင်းကို ရွှေတောင်ကုမ္ပဏီမှ လုပ်ကိုင်နေပြီး လက်ရှိတွင် လမ်းပိတ်ရန် မလိုသော လုပ်ငန်းတချို့ကို စတင်လုပ်ကိုင်နေကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

MWD

No comments:

Post a Comment