Latest News

Wednesday, May 30, 2018

မုံရွာအကျဉ်းထောင် ဝန်ထမ်းလိုင်းခန်းမီးလောင်မှုဖြစ်ပွား

မုံရွာအကျဉ်းထောင် ဝန်ထမ်းလိုင်းခန်းမီးလောင်မှုဖြစ်ပွား

မုံရွာမေ ၃ဝ

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ မုံရွာအကျဉ်းထောင်ဝင်းအတွင်းရှိဝန်ထမ်းလိုင်းခန်းသည်မေလ(၂၉)ရက်
 ည(၁၁)နာရီ(၁၅)မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၄)ခန်းတွဲဝန်ထမ်းလိုင်းခန်း(၂)ခန်းမီးလောင်းဆုံးရှုံးခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်မှာမုံရွာအကျဉ်းထောင်ဝင်းအတွင်းရှိ (၄)ခန်းတွဲလိုင်းခန်းတွင်နေထိုင်သောအကျဉ်းထောင် ဝန်ထမ်းမအေးအေးစိုး(၃၄)နှစ် ၏နေအိမ်ဘုရားစင်အား လျှပ်စစ်မီးဖြင့် မီးပူဇော်ရာမှ အပူရှိန် လွန်ကဲပြီးလျှော့ဖြစ်ရာဘုရားစင်အောက် ရှိမွေ့ယာပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိလေးခန်းတွဲဝန်ထမ်းအိမ်ယာတစ်လုံးနှင့် အခန်းတစ်ခန်းတို့အား ဆက်လက်ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးနှင့် သန္ဓေ တပ်ဖွဲ့ဝင်(၃၂)ဦးအရန် မီးသတ်တပ်ဖွဲ့ဝင်(၁ဝဝ)ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်(၁၄)ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် အကျဉ်းထောင်ဝန်ထမ်းများဖြင့် ရေသယ်ယာဉ်(၅)စီး၊ မီးငြိမ်းသတ်ယာဉ် (၉)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ည(၁၁)နာရီ(၃ဝ)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

 မီးလောင်ကျွမ်းမှုကြောင့် (၄ဝx၁၅)ပေရှိသွပ်မိုး၊ပျဉ်ကာ (၄)ခန်းတွဲ (၂)လုံး၊ (၁ဝx၁၅)ပေရှိသွပ်မိုးပျဉ်ကာ (၁)ခန်းနှင့် အတွင်းပစ္စည်းများမီးလောင်ကျွမ်းခဲ့သဖြင့် မီးပေါ့ဆစွာအသုံးပြုသူအကျဉ်းထောင် ဝန်ထမ်းမအေးအေးစိုး(၃၄)နှစ် အားမုံရွာမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။

မြန်​မာ့အလင်း၊ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment