Latest News

Wednesday, May 30, 2018

မိုးလေ၀သအခြေအနေ

မိုးလေ၀သအခြေအနေ
     
   
ကမ္ဘာအေးမိုးလေဝသတိုင်းတာရေးရေဒါတာဝါ ကြီးအားမြင်တွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော် နှင့်  ကပ္ပလီပင်လယ်ပြင် တို့တွင်  လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုကြောင့်  မုန်တိုင်းငယ်(Deep Deptession)သည်  မြန်မာနိုင်ငံ သို့ ဦးတည်နေသည် ဟူသော  မိုးလေဝသ  ကြေညာချက်များ အရေးကြီးလျှင်ကြီးသလို  မုန်တိုင်းပြင်းအားပေါ်မူတည်၍   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာန က အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေခြင်းကြောင့် အဆိုပါဦးစီးဌာန မှ ထုတ်ပြန်ပေးနေသော သတင်းအချက်ကို  သာ အဓိကထား အထူးကရုစိုက်  နားထောင်သင့်ပါကြောင်း   အောက်မြန်မာပြည်ဌာနခွဲ  မိုး/ဇလညွှန်ကြားမှု ဦးစီးဌာန(ရန်ကုန်)ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်း အားတွေ့ဆုံစဉ်သိရှိခဲ့ရသည်။

ညွှန်ကြားရေးမှူးဒေါ်ရီရီငြိမ်း က"လက်ရှိမုန်တိုင်                          ငယ် ၏ အခြေအနေ ဟာ မေလကုန်မိုးကြိုကာလ မှာ  ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်တို့ မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခြင်းကြောင့်  မုန်တိုင်းငယ်(Depression)အဖြစ်ရောက်ရှိခြင်းဖြစ်တယ်လို့ မေ ၂၈ မေ ၂၉ ရက် က ထုတ်ပြန်ထားတယ်။

အနောက်တောင်မုတ်သုံလေဟာ   မြန်မာနိုင်ငံကိုမေလ ၂၄ ရက်ကဝင်ရောက်ခဲ့ပါတယ် မေလ၂၇ ရက်မှာတော့  မြစ်ဝကျွန်းပေါ်ဒေကို ဝင်ရောက်ခဲ့ပါတယ်  ပုံမှန်အားဖြစ်တော့ မုတ်သုံလေက  တစ်ပတ်လောက်နေက်ကျတယ်လို့ဆိုရမှာပါ  နောက်ကျတဲ့အတွက်  မေလကုန်မိုးကြိုကာလမှာ  ဧပြီလ ၃၀ ရက်ကနေမေလ ၂ ရက်
ထိ  လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပြီးတော့မှ  ဘင်္ဂလာပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်ပြင် မှာ  လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်တဲ့အတွက်   မိုးရွာသွန်းခဲ့တယ်။ မိုးရေတော့ရခဲ့ပါတယ်  "နာဂစ်"နှစ်ပတ်လည်နေ့အထိတော့  မိုးတွေကြီးခဲ့တယ်  မေလ ၂၅ ရက်  ဘင်္ဂလားပင်လယ်အော်အနောက်တောင်
ပိုင်းမှာ  လေဖိအားနည်းရပ်ဝန်းတစ်ခုထပ်မံ ဖြစ်တယ်   အဲဒီလေဖိအားနည်းရပ်ဝန်းဟာဆက်လက်တည်ရှိနေပြီး  ဘင်္ဂလားအရှေ့အလယ်ပိုင်းကိုရောက်ရှိပါတယ်  ပိုမိုအားကောင်းလာတဲ့အတွက်  ဒီကနေ့ မုန်တိုင်းငယ်အဖြစ်ရောက်ရှိပြီး  မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအမ်းမြို့  အနီး ဖြတ်ကျော်ဝင်ရောက်ပြီး  ၂၄ နာရီ အတွင်း စစ်တွေ နဲ့ ကျောက်ဖြူ  အကြားဝင်ရောက်မယ်လို့ခန့်မှန်းထားတယ်  ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ဆက်လက် တည်ရှိနေပြီးတဖြည်းဖြည်းအားလျှော့သွားဘွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်"ဟုပြောကြားသည်။

မိုးကာလ မိုးဦးမိုးလည်မိုးနှောင်းကာလမေးမြန်းကြည့်ရာ"မိုးကာလ အနောက်တောင်မုတ်သုံလေဟာမြန်မာနိုင်ငံကိုစတင်ဝင်ရောက်တဲ့နေ့ကစပြီးဇွန်လ ပထမ ပတ်  မှာလည်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်တယ်  အားကောင်းလာပြီးမုန်တိုင်းအဖြစ် ဇွန်လ(၁၀)ရက်ကခန့်မှန်း ချက်ထုတ်ပြန်ထားတယ်  ခုနေ "လာနီညာ"ဆိုတဲ့ဖြစ်စဉ်ပြီးတဲ့နောက်  မေ-ဇွန် မှာ "အယ်နီညို"လိုပူတဲ့နှစ်လည်းမဟုတ် "လာနီညာ"လိုအေးတဲ့ နှစ်လည်းမဟုတ်  ပုံမှန်ရွာပြီး နောက်ပိုင်းမိုးနှောင်းကာလမှာ "အယ်နီညို"အပူ နည်းနည်းပြန်တက်လာနိုင်တယ်  မိုးလည်မိုးနှောင်းကာလဟာပုံမှန်  ဖြစ်မြဲဖြစ်စဉ်လို့ ခန့်မှန်းရပါတယ်"ဟုပြောသည်။

မိုးလေဝသတိုင်းတာရေးနှင့်ပတ်သက်၍ပြောကြားရာ"မြန်မာနိုင်ငံအတွင်းမှာ  မိုးလေဝသခန့်မှန်းတိုင်းတာရေး ရေဒါတာဝါ  သုံးခုရှိတယ်Japan  Jicker  Projeet   နဲ့ ၂၀၁၅ က ရခိုင်ကျောက်ဖြူ  ၂၀၁၇ က ရန်ကုန်ကမ္ဘာအေး ၂၀၁၈မန္တလေးတံတားဦး မှာ ပြီးစီးမယ် အဲဒီရေဒါ သုံးလုံး က မြန်မာပြည်အနှံ့တပ်ဆင်ထားတဲ့ အလိုအလျှောက် မိုးလေဝသတိုင်းစက်စခန်း၁၉၀ ကျော်က အချက်တွေရယ် အိမ်နီးချင်းနိုင်ငံကရရှိတဲ့အချက်တွေမြေပြင်လေပြင် ကမ်းရိုးတန်း က  ရ   ရှိတဲ့အချက်တွေ  စုစည်းချိတ်ဆက်ပြီး ခုလိုမုန်တိုင်းရှိတဲ့အချိန်  နေပြည်တော်  Canterစင်တာကနေ  မနက်(၇)နာရီ(၁၀)နာရီ  နေ့မွန်းတည့်(၁၂)နာရီ ညနေ(၄)နာရီ ည(၇)နာရီ ည(၁၂)နာရီ အရေးကြီရင်ကြီးသလို  မုန်တိုင်းပြင်းအားပေါ်မူတည်ပြီး မိုးလေဝသ|သတင်းအချက်အလက်တွေကို  အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေပါတယ်  ဒါကို  မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ကြေညာချက်ကိုသာ ကရုစိုက် နားထောင်ကြပါလို့  ကြောက်လန့်တကြား မိုးလေဝသ ကောလဟာလ  သတင်းကိုတော့စဉ်းစားချင့်ချိန်ပါလို့"ဟုရှင်းလင်းပြောကြားသည့်စကားမှတ်သားကြစေလိုပါသည်။
                               
မြန်​မာ့အလင်း၊မျိုးမင်းသိန်း(မရမ်းကုန်း)
                                 

No comments:

Post a Comment