Latest News

Wednesday, May 30, 2018

ရေ​ကြောင်းပညာတက္ကသိုလ်​ ​ကျောင်းဆင်း ဘွဲ့ရ များ အလုပ်​အကိုင်​အခွင့်​အလမ်း ယခင်​ထက်​ပိုမိုများပြား

ရေ​ကြောင်းပညာတက္ကသိုလ်​ ​ကျောင်းဆင်း ဘွဲ့ရ များ အလုပ်​အကိုင်​အခွင့်​အလမ်း ယခင်​ထက်​ပိုမိုများပြား


ရန်​ကုန်​ ​မေ ၃၀
                 

မြန်​မာနိုင်​ငံ​ရေ​ကြောင်းပညာတက္ကသိုလ်​မှ ​ကျောင်းဆင်း ဘွဲ့ရ များအား နိုင်​ငံတကာ သ​င်္ဘော ကုမ္ပဏီ ကြီးများအပြင်​ ပြည်​တွင်း /ပြည်​ပ စက်​ရုံ|အလုပ်​ရုံများ /ဆိပ်​ကမ်း​များဖြင့်​ ချိတ်​ဆက်​ကာ​ဆောင်​ရွက်​​ပေး​နေ​သော​ကြောင့်​ ယခင်​ထက်​အလုပ်​အကိုင်​အခွင့်​အလမ်းရရှိမှုပိုမိုများပြားလာ​ကြောင်း မြန်​မာနိုင်​ငံ​ရေ​ကြောင်းပညာတက္ကသိုလ်​ ပါ​မောက္ခချုပ်​ ​ဒေါက်​တာမြတ်​လွင်​က ​ပြောသည်​။
                 

" ကျွန်​​တော်​တို့အ​နေနဲ့ ​ကျောင်းမှာတက်​​ရောက်​တဲ့က​လေး​တွေ ​ကျောင်းပြီးတာနဲ့အလုပ်​အကိုင်​ရဖို့/ရနိုင်​​လောက်​တဲ့တက်​ကျွမ်းမှုမျိုးလည်းရှိဖို့​ပေါ့ ဆရာ/ဆရာမ​တွေ​ရော ကျွန်​​တော်​တို့​တွေ ရောအစွမ်းကုန်​ကြိုးစားပြီး​ဆောင်​ရွက်​​​ပေး​နေ ပါတယ်​။ ​ကျောင်းက​နေ ဘွဲ့​ပေးတဲ့ ၇ ခုမှာ သုံးခုက သ​င်္ဘောလိုင်းတိုက်​ရိုက်​လိုက်​နိုင်​တယ်​|အဲ့ဒီအတွက်​ Shipping ကုမ္ပဏီ ​တွေကို Scholar နဲ့ပတ်​သက်​တဲ့ ​ကျောင်းတက်​​နေတုန်နတုန်း ​ခေါ်တာနဲ့ ​ကျောင်းပြီးဘွဲ့ရမှ ​ခေါ်တဲ့ Non- Scholar  စာချုပ်​​တွေချုပ်​ဆိုထားတာ​တွေ နဲ့လည်းအလုပ်​အကိုင်​အခွင့်​အလမ်းရရှိဖို့ဖန်​တီး​ပေး​နေပါ  တယ်​။ဒီနည်း​တွေနဲ့လည်းး ​ကျောင်းသား​တွေသ​င်္ဘောလိုက်​နိုင်​ဖို့ အလုပ်​အကိုင်​ရရှိ​စေဖို့​ဆောင်​ရွက်​​ပေးတာအ​တော်​ကြီးကိုအစဉ်​​ပြေပါတယ်​။အခု​နောက်​ပိုင်းဆိုရင်​အ​တော်​များများကို အလုပ်​​တွေရရှိ​နေကြပါပြီ။သ​င်္ဘောမဟုတ်​တဲ့ ကျန်​တဲ့ ​လေး ဘာသာ က  ဘွဲ့​တွေ​ပေါ့ ဒါ​တွေကိုလည်း ပြည်​တွင်းကစက်​ရုံ​တွေ/အလုပ်​ရုံ ​တွေအပြင်​ အစိုးရအဖွဲ့အစည်း​တွေနဲ့ချိတ်​ဆက်​ကာ​ဆောင်​ရွက်​​ပေး​နေသလို |နိုင်​ငံတကာမှာဆိုရင်​အထူးသဖြင့်​​တော့ ဂျပန်​ ပဲ အဖွဲ့အစည်း သုံးခု​လောက်​နဲ့ချိတ်​ဆက်​ပြီးဒီနှစ်​နှစ်​သုံးနှစ်​ကာလအတွင်းမှာ အလုပ်​ အတွက်​ လွတ်​​နေတာအခုဆို ၁၀၀ ဦး​ကျော်​ ​လောက်​ရှိ​နေပါပြီ။တချို့လည်း အလုပ်​ မ၀င်​ဘဲ ME တို့ Ph.D တို့ ယူပြီး ဥ​ရောပ/ဂျပန်​/ကိုရီးယား ဘက်​ ​ကိုသွားတာ​တွေလဲရှိပါတယ်​။အလုပ်​အကိုင်​အားဖြင့်​​တော့တဖြည်းဖြည်းနဲ့ပိုများလာတယ်​ဗျ ။ ​လော​လောဆယ်​မှာကို ကျွန်​​တော်​တို့ ​ကျောင်းနဲ့အနီး ဆုံးမှာရှိတဲ့ သီလ၀ါအထူးစီးပွား​ရေးဇုန်​ က ​ခေါ်ချင်​လို့ လာလချင်​လို့ လာလာပြီး ​ဟော​ပြော စည်းရုံး​နေတာ​တွေလည်းရှိတယ်​။" ဟု မြန်​မာနိုင်​ငံ​ရေ​ကြောင်းပညာတက္ကသိုလ်​ ပါ​မောက္ခချုပ်​ ​ဒေါက်​တာမြတ်​လွင်​က ထပ်​လောင်း ​ပြောကြားသည်​။
           
ယခုအခါတွင်​  မြန်​မာနိုင်​ငံ​ရေ​ကြောင်းပညာတက္ကသိုလ်​ အ​နေဖြင့်​  ရေ ယာဉ်​တည်​​ဆောက်​မှုအင်​ဂျင်​နီယာဘာသာရပ်​(NA)|​တော်​၀င်​​ရေယာဉ်​ဗိသုကာ |ဆိပ်​ကမ်းအင်​ဂျင်​နီယာဘာသာရပ်​|မြစ်​​ချောင်းနှင့်​ကမ်းရိုးတမ်းအင်​ဂျင်​နီယာ ဘာသာရပ်​နှင့်​ အခြား​ရေ​ကြောင်းဆိုင်​ရာ ဘာသာရပ်​|​​ရေ​ကြောင်းလျပ်​စစ်​နှင့်​ အီလက်​ထ​ရောနစ်​ဘာသာရပ်​|​ရေ​ကြောင်းစက်​မှုအင်​ဂျင်​နီယာဘာသာရပ်​| ​ရေ​ကြောင်းသိပ္ပံဘာသာရပ်​ ရေယာဉ်​တည်​​ဆောက်​မှုဘာသာရပ်​|သ​​င်္ဘောလုပ်​ငန်းစီမံခန့်​ခွဲမှုဘာသာရပ်​|ဆိပ်​ကမ်းစီမံခန့်​ခွဲမှုဘာသာရပ်​|​ထောက်​ပံ့ သယ်​ယူပို့​ဆောင်​​ရေးစီမံခန့်​ခွဲမှုဘာသာရပ်​နှင့်​အခြားရေ​ကြောင်းဆိုင်​ရာ ဘာသာရပ်​အ လိုက်​ BE  (၆) ဘွဲ့နှင့်​ B.Sc တစ်​ဘွဲ့ စုစု​ပေါင်း ဘွဲ့ (၇) ဘွဲ့ |​ဒီပလိုမာ သုံး ခု ကို နှစ်​နှစ် သင်​တန်းအဖြစ်​ ဖွင့်​လှစ်​​ပေး​နေ​ကြောင်းသိရသည်​။
ကျောင်းဆင်း ဘွဲ့များကို ၂၀၀၇ ခုနှစ်​မှ ယခု ၂၀၁၈ ခုနှစ်​ အထိ (၁၂) ကြိမ်​ကျောင်းဆင်း ဘွဲ့များကို ၂၀၀၇ ခုနှစ်​မှ ယခု ၂၀၁၈ ခုနှစ်​ အထိ (၁၂) ကြိမ်​တိုင်​​ပေးအပ်​ ခဲ့ပြီးဖြစ်​ရာ ​ရေ​ကြောင်းဘက်​ဆိုင်​ရာဘွဲ့နှင့်​ ဒီပလိုမာဘွဲ့ရ  ​ကျောင်းသား/​ကျောင်းသူ စုစု​ပေါင်း (၄၈၆၀)ဦးအား ​မွေးထုတ်​​ပေးနိုင်​ခဲ့​ကြောင်းသိ ရသည်​။

မြန်​မာ့အလင်း၊သတင်းနင့်ဓာတ်ပုံ မြင်မောင်စိုး

No comments:

Post a Comment