Latest News

Monday, May 14, 2018

ဟာဝိုင်ယီရှိ သဘာဝ ဘေးသင့် ဒေသကို သဘာဝ ကပ်ဘေးဇုန်အဖြစ် ထရမ့် ကြေညာ

ဟာဝိုင်ယီရှိ သဘာဝ ဘေးသင့် ဒေသကို သဘာဝ ကပ်ဘေးဇုန်အဖြစ် ထရမ့် ကြေညာ

ဝါရှင်တန် မေ ၁၃

ဟာဝိုင်ယီပြည်နယ်၌ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းပြည်နယ်ရှိ သဘာဝ ဘေးအန္တရာယ်သင့် ဒေသကို သဘာဝ ကပ်ဘေးများဖြစ်ပွားရာ ဇုန်တစ်ခုအဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာ လိုက်သည်။

ဟာဝိုင်ယီပြည်နယ် ဘစ်အိုင်းလန်းရှိ ကီလိုယာမီးတောင်သည် မေ ၁၂ ရက်တွင် ချော်ရည်ပူများ ပန်းထွက်လာပြီး ချော်ရည်များကို မီးတောင်ဝမှ အမြင့်ပေ ၄ဝ အထိ မှုတ် ထုတ်ခဲ့ပြီးနောက် ထရမ့်က ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်။ မီးတောင်မှချော်ရည်များ ထူးထူးခြားခြား ဆင်းသက်မှု မရှိသော်လည်း အခြေအနေမှာ အလျင်အမြန် ပြောင်းလဲ လာနိုင်ကြောင်း ပြည်နယ်မီးတောင် စောင့်ကြည့်ရေး အဖွဲ့က ပြောသည်။

အဆိုပါမီးတောင်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ လှုပ်ရှားလာခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းဖြစ်ပွားသော ငလျင်လှုပ်ခတ်မှုကြောင့် ဘစ်အိုင်းလန်းရှိ ဒေသခံများမှာ ဘေးအန္တရာယ်နှင့်ကြုံတွေ့ နေရသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် အဆိုပါဒေသရှိ လမ်းမကြီးများ၊ ပန်းခြံများ၊ စာသင်ကျောင်းများနှင့် ရေပိုက်များပျက်စီး သွားပြီး ယင်းပြည်နယ်သို့ အရေးပေါ် ရန်ပုံငွေများ ထောက်ပံ့နိုင်ရန်အတွက် ဒေသန္တရအ စိုးရနှင့် ဗဟိုအစိုးရတို့က ကြိုးပမ်းလျက်ရှိသည်။

ထရမ့်၏ကြေညာချက်ကြောင့် ဒေသတွင်း ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန်အတွက် ဗဟိုအစိုးရ အနေဖြင့် ရန်ပုံငွေများ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကီလိုယာမီးတောင်သည် မေ ၃ ရက်တွင်လည်း ပေါက်ကွဲခဲ့ပြီး ချော်ရည်များမှာ လူနေရပ်ကွက်များသို့ စီးဆင်းသွားကြောင်း သိရသည်။

MWD

No comments:

Post a Comment