Latest News

Sunday, May 13, 2018

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် လီအန်ဒရိုတို့ ထိုးသတ်မည်

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် လီအန်ဒရိုတို့ ထိုးသတ်မည်

ရန်ကုန်   မေ    ၁၃

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် ဇွန် ၂၉ ရက်တွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့်  ထိုးသတ်ရမည်ဖြစ်သည်။  ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံဆု ရထားသည့် အောင်လအန်ဆန်အနေဖြင့် ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ်  မစ်ဒယ်ဝိတ်တန်း၌ ထိုးသတ်ရခြင်းဖြစ်သည်။

ဘရာဇီးနိုင်ငံသား လီအန်ဒရိုသည် မေ ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲတွင် ချန်ပီယံဟောင်း ဗစ်တာလီ ဘစ်ဒက်ရှ်ကို တတိယအချီတွင် အလဲထိုးအနိုင်ရခဲ့သောကြောင့် အောင်လ အန်ဆန်ကို စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် လီအန်ဒရို တို့၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ လီအန်ဒရို သည် အောင်လအန်ဆန်၏          ပြိုင်ဘက်များနှင့် ထိုးသတ်ခဲ့ဖူးသလို ၁၁ ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။ လီအန်ဒရို သည် အောင်လအန်ဆန်အနိုင်ရဖူးသည့် မိုဟာမက်အလီ(အီဂျစ်)၊ ပတ်စတာ နက်စ်(ပိုလန်)နှင့် ဗစ်တာလီဘစ်ဒက်ရှ်(ရုရှား)တို့ကို အနိုင်ထိုးသတ်ထားသည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် လည်းကောင်း၊ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ယခုနှစ် ဖေဖော်ဝါရီ  ၂၃ ရက်တွင် ဘရာဇီး နိုင်ငံသား မာချာဒိုကိုလည်းကောင်း အနိုင်ယူကာ ရရှိခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယခုနှစ်တွင် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲနှစ်ပွဲစလုံး ထိုးသတ်ရမည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို စက်တင်ဘာ လတွင် ထိုးသတ်ရမည်ဖြစ်သည်။      

သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ဖိုးသော်ဇင်(​ကြေးမှုံ)

No comments:

Post a Comment