Latest News

Sunday, May 13, 2018

ရှေ့မှသွားနေသည့်ယာဉ်ကို အရှိန်ဖြင့်ကျော်တက်သည့် ၂၂ ဘီးယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်

ရှေ့မှသွားနေသည့်ယာဉ်ကို အရှိန်ဖြင့်ကျော်တက်သည့်
၂၂ ဘီးယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်

ပဲခူး    မေ   ၁၃

ပဲခူးမြို့နယ်  ဘုရားလေးကျေးရွာအနီး၌ မေ ၁၂ ရက်  ညနေ ၆ နာရီခန့်က  ရန်ကုန်-မ္တလေးလမ်းဟောင်းအတိုင်း တောင်မှ မြောက်သို့   မောင်းနှင်လာသော  ၂၂ ဘီး  ကုန်တင်ယာဉ်သည်   ရှေ့မှသွားနေသောယာဉ်ကို     အရှိန်ဖြင့်ကျော်တက်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း     သတင်းအရ ဘုရားကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက   သွားရောက် စစ်ဆေးခဲ့ရာ    သက်ကို    (၂၁ နှစ်)    မာလာမြိုင်ရပ်ကွက်  ပန်းတောင်းမြို့နယ်နေသူ  မောင်းနှင်သည့် YGN-7M/---- ၂၂ ဘီး ကုန်တင်ယာဉ်သည်   အခင်းဖြစ်ပွားသည့်   မိုင်တိုင် ၆၂/၃  နှင့်   ၄    အကြား     ရှေ့မှ မောင်းနှင်သည့် ယာဉ်ကို  အရှိန်ဖြင့်  ကျော်တက်စဉ်      အရှိန်လွန် တိမ်းမှောက်သွားခဲ့ သည်။

ယာဉ်တိမ်းမှောက်စဉ်   ကတ္တရာလမ်းဖြင့်   ပွတ်တိုက် မှုကြောင့်   ရှေ့ဦးခေါင်းပိုင်း  မီးလောင်ကျွမ်းခဲ့ရာ  ဘုရားကြီးမြို့    မီးသတ်တပ်ဖွဲ့မှ      မီးသတ်တပ်ဖွဲ့ဝင်များ  ရောက်ရှိကာ ငြှိမ်းသတ်ခဲ့ရကြောင်းနှင့်   ဘုရားကြီးနယ်မြေရဲစခန်းက  အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း   သိရသည်။      
                                       
ကိုလွင်(ဆွာ)

No comments:

Post a Comment