Latest News

Sunday, May 13, 2018

အာဆင်နယ်နည်းပြအဖြစ် ဆောင်ရွက်ရန် သဘောမတူမီ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၂ဝဝ အသုံးပြုခွင့်ပေးရန် အယ်လီဂရီ တောင်းဆို

အာဆင်နယ်နည်းပြအဖြစ် ဆောင်ရွက်ရန် သဘောမတူမီ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၂ဝဝ အသုံးပြုခွင့်ပေးရန် အယ်လီဂရီ တောင်းဆို

ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက အာဆင်နယ်နည်းပြအဖြစ် ကမ်းလှမ်းလာမှုကို အပြီးသတ်သဘောတူညီမှု  မပြုရသေးမီ အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၂ဝဝ အသုံးပြုခွင့်ပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။ အာဆင်နယ်သည် အစောပိုင်းက  ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို ဝင်းဂါးနေရာအစားထိုးရန် ကမ်းလှမ်းခဲ့သော်လည်း လစာကိစ္စအဆင်မပြေခြင်းကြောင့် စောစောစီးစီးပင် လက်ရှောင်ခဲ့ကာ  ဂျူဗင်တပ်နည်းပြ အယ်လီဂရီကို အဓိက ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

အယ်လီဂရီက    အာဆင်နယ်အသင်း    လျင်လျင်မြန်မြန်တိုးတက်လာစေရန် ကစားသမားသစ် ငါးဦးကို ခေါ်ယူပေးရန်ကိစ္စကို အာမခံချက်တစ်ခုအဖြစ် တောင်းဆိုခဲ့ပြီး ထို့အတွက်လည်း  ပေါင်သန်း ၂ဝဝ အသုံးပြုခွင့်ပေးရန် ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။  အယ်လီဂရီအနေဖြင့် အာဆင်နယ်ကို လက်ရှိ ဂျူဗင်တပ်လိုပင် ဥရောပအဆင့်မှာပင် လေးစားခံရသည့်အသင်းအဖြစ် ပုံဖော်သွားရန် ရည်မှန်းနေသော်လည်း ပထမဦးဆုံးအနေဖြင့် ပရီမီယာလိဂ်ဖလားကို အရင်ပစ်မှတ်ထားမည်ဖြစ်ကြောင်း အယ်လီဂရီနှင့် နီးစပ်သူများ၏ ပြောစကားကိုကိုးကားပြီးThe Sun  သတင်းဌာနက ဖော်ပြသည်။

အယ်လီဂရီက အာဆင်နယ်တွင် အရည်အသွေးရှိ ကစားသမားအများအပြားရှိနေ သော်လည်း စည်းကမ်းတင်းကျပ်မှုပိုင်း အားနည်းခြင်းက အသင်း၏ရလဒ်ကို ဆိုးရွားစေ သည့် အချက်ဖြစ်သည်ကိုလည်း သိရှိထားကြောင်း  အဆိုပါ  သတင်းရင်းမြစ်ကပင် ဆက်လက်ဖော်ပြသည်။                                                  

မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment