Latest News

Friday, May 25, 2018

သစ်ရှားပါးလာမှုကြောင့် သံခွံငါးဖမ်းလှေများ ပြောင်းလဲတည်ဆောက်လျက်ရှိ

သစ်ရှားပါးလာမှုကြောင့် သံခွံငါးဖမ်းလှေများ ပြောင်းလဲတည်ဆောက်လျက်ရှိ

မေ   ၂၅

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်ကျွန်းစုဒေသတွင် ယခုအခါ သစ်များရှားပါး လာမှုကြောင့် ငါးဖမ်းလှေများ အဓိကပြုပြင် တည်ဆောက်နေသည့် လွန်းကျင်းလုပ်ငန်း များတွင် သစ်သားငါးဖမ်းလှေ များ အစား သံခွံငါးဖမ်းလှေ များကို ပြောင်းလဲတည်ဆောက် လျက် ရှိကြောင်း ဒေသခံလွန်းကျင်းလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

အဆိုပါ လွန်းကျင်းများတွင် မြိတ်ကျွန်းစု ဒေသခံများအတွက် ဝါလပ်လှေများ၊ ဝါတန်းလှေများ၊ မီးထွန်းလှေများ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ၊ ကုန်တင်လှေများနှင့် အခြားလှေ အမျိုးမျိုးကို ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းလုပ်ကိုင်နေသည့်လွန်းကျင်းသည့် ယခုအခါ သစ်များရှားပါး လာမှုကြောင့် သစ်လှေအသစ် ပြုလုပ်နိုင်ရန်နှင့် ရှိပြီးသားလှေများကိုလည်း ပြုပြင်နိုင်ရန် ခက်ခဲနေခြင်းတို့ကြောင့် သစ်သားလှေများ အစား သံခွံလှေများကိုပြောင်းလဲတည်ဆောက် နေကြရကြောင်း သိရသည်။

''ကျွန်တော်တို့မြေပေါ်လွန်းကျင်းကို၂၀၀၃ခုနှစ်မှာစတင်တည်ဆောက်
ခဲ့ပြီး၂၀၀၆ ခုနှစ်မှာတည်ဆောက်မှုပြီးစီးခဲ့ပါတယ်lလွန်းကျင်း အကျယ်အဝန်းက(၄)ဧက အကျယ်အဝန်းရှိပြီး လှေအကြီး အသေးအစင်း( ၆ဝ)ကိုတစ်ပြိုင်တည်းလွန်းတင်ပြုပြင်တည်ဆောက်နိုင်ပါ တယ်။ လွန်းကျင်းမှာ ဒီနေ့အထိ လှေအစင်းပေါင်း( ၆၅၃၁)စင်းကိုပြုပြင်ဆောင်ရွက်ပေးခဲ့ပြီးl လှေအသစ် (၁၅၁) စင်းကိုလည်းအသစ် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ယခုနောက်ပိုင်း သစ်များရှားပါး လာတဲ့အတွက် သစ်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ သစ်လှေ(၁)စင်း တည်ဆောက်ရင် လှေအကြီးအသေးအပေါ် မူတည်ပြီး (၄)လမှ (၆)လအထိ ကြာတယ်။ သံခွံလှေ(၁)စင်းတည်ဆောက်မယ်ဆိုရင် အနည်ဆုံးးအချိန်(၆)လအနည်းဆုံး ကြာပါတယ်။ လှေအရွယ်အစားအပေါ်မူတည်ပြီးကွာခြားချက်ရှိပါတယ်။အခုနောက်ပိုင်း ဆိုရင်လှေပြုပြင်ပြင်ဆင်တာပဲဖြစ်ဖြစ်lလှေအသစ်တည်ဆောက်တာပဲ
ဖြစ်ဖြစ်သစ်တွေ့ကရှားပါးလာတဲ့အတွက်သစ်ဈေးတွေ့ကလည်းမြင့်လာပါတယ်llဒါကြောင့်အခုနောက်ပိုင်းမှာသံခွံလှေနဲ့သင်္ဘောတွေ့တည်ဆောက်လာတာတွေ့ရပါတယ်lလွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်ကစတင်ပြောင်းလဲ လာတာပါအခုကျွန်တော်တို့ လွန်းကျင်းကသံခွံလှေအသစ်(၆) စင်းအသစ်တည်ဆောက်ထားပြီးပါပြီး။သံခွံလှေ ၁ဝ စင်းကို အသစ်တည်ဆောက်ခွင့် ရထားပါတယ်။ လက်ရှိ သုံးစင်းက ၇ဝ ရာခိုင်နှုန်းလောက်ပြီးစီး နေပါပြီးဟုကျွန်းစုမြို့နယ်l မအိုင်ကျေးရွာအုပ်စုl ပထော်ပထက်ကျွန်းပေါ်ရှိ အောင်မြတ်ဖြိုး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် မြေပေါ်လွန်းကျင်း မန်နေဂျာ ဦးကျော်ကျော်လင်း၏ ပြောပြချက်အရသိရသည်။

   
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌မြိတ်မြို့နှင့် ကျွန်းစုမြို့နယ် အတွင်းတွင် ငါးဖမ်းလှေ၊ ကုန်တင်လှေနှင့် အခြားလှေ အမျိုးမျိုး ပြုပြင်ပေးနေသော လွန်းကျင်းလုပ်ငန်း(၄)ခုရှိပြီး ကော့သောင်းမြို့တွင် လွန်းကျင်းလုပ်ငန်း တစ်ခုရှိကြောင်း နှင့်စုစုပေါင်းမြေပေါ်လွန်းကျင်း လုပ်ငန်း(၅)ခုရှိကြောင်းသိရသည်။

မြင့်ဦး(မြိတ်)

No comments:

Post a Comment