Latest News

Friday, May 25, 2018

အီတလီနိုင်ငံ၌ ရထားတိုက်မိမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး

အီတလီနိုင်ငံ၌ ရထားတိုက်မိမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး

ရောမ  မေ  ၂၄

အီတလီနိုင်ငံတွင် ရထားလမ်းကူး၌ ရထားနှင့်ကားတိုက်မိမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် မေ ၂၄ ရက်က ဖော်ပြခဲ့သည်။
ရထားလမ်းကူး၌  ရထားနှင့် ကုန်တင်ကားကြီးတို့ တိုက်မိရာမှ သေဆုံးဒဏ်ရာ ရရှိမှုများ  ဖြစ်ပွားခဲ့ရကြောင်းနှင့်  တိုက်မိသည့်အရှိန်ကြောင့်  ရထားကုန်တင်တွဲများ လည်း လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  မတော်တဆမှုတွင်  ရထားမောင်းသူ  သေဆုံးခဲ့ကြောင်း  သိရသည်။ ရထားတိုက်မိမှုသည် အီတလီနိုင်ငံမြောက်ပိုင်း  တူရင်မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားတွဲများလည်း လမ်းဘေးသို့ တိမ်းမှောက်ကုန်ကြောင်း ပြည်တွင်းရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ရုပ်မြင်ပြကွက်တွင် တွေ့ရသည်။

တူရင်-အိုက်ရီယာလမ်းပိုင်း၌ ပြေးဆွဲနေသော မီးရထားအမှတ် ၁ဝဝ၂၇ သည် ရထားလမ်းကူးအတားအဆီးကို တိုက်ပြီး  ရထားလမ်းကူးတွင်  ရပ်တန့်နေသော ကုန်အပြည့်တင်ထားသည့်   ကုန်တင်ကားတစ်စီးကို   ထပ်မံဝင်တိုက်မိခဲ့ကြောင်း  အီတလီမီးရထားကွန်ရက်ဖြစ်သည့် အာရ်အက်ဖ်အိုင်က ¤င်း၏ကြေညာချက်တွင်  ထုတ်ပြန်ဖော်ပြခဲ့သည်။

အစောပိုင်းသတင်းဖော်ပြချက်များအရ   မီးရထားမောင်းသူမှာ   သေဆုံးခဲ့ပြီး အခြားမီးရထားစီးခရီးသည်အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ကြေညာချက် တွင် ထပ်မံဖော်ပြထားသည်။
အေဂျီအိုင်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ရထားတိုက်မိမှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော လူတစ်ဦးအား တူရင်ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ သော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ရထားတိုက်မိမှု ဖြစ်ပွားသည့်အချိန်တွင် ၄င်းမှာ ကုန်တင်ကားခေါင်းခန်းထဲတွင်  ရှိနေခဲ့ကြောင်း အခြားမီဒီယာများက ဖော်ပြထားသည်။
''အဖြစ်အပျက်တွေက အလွန်မြန်ဆန်လွန်းပါတယ်၊ ရုတ်တရက် ရထားကြီး ပျက်စီးသွားသလို ခံစားခဲ့ရပြီး ကျွန်တော့်ကိုကျွန်တော်  ငရဲကျသွားသလိုပဲ  ခံစားခဲ့ရ ပါတယ်၊ ကျွန်တော့်ဘေးပတ်ချာလည်မှာလည်း အားလုံးအနိဋ္ဌာရုံတွေကြီးပါပဲ'' ဟု အသက် ၂၃ နှစ်ရှိ ပေါ်လို မယ်လ်ဂီယိုဂလီယိုက ပြောခဲ့သည်။

မြန်​မာ့အလင်း

No comments:

Post a Comment