Latest News

Friday, May 25, 2018

ငါးမှာငါးသလောက်ဟုဆိုသော်လည်းဈေးမြင့်မားလွန်း၍အခြေခံလူတန်းစားများဝယ်ယူစားသုံးခြင်းမပြုနိုင်

ငါးမှာငါးသလောက်ဟုဆိုသော်လည်းဈေးမြင့်မားလွန်း၍အခြေခံလူတန်းစားများဝယ်ယူစားသုံးခြင်းမပြုနိုင်

ဖျာပုံ  မေ၂၅

ရေချိုရေငန်မှဖမ်းဆီးရရှိသည့်ငါးမျိုးစုံတို့အနက်"ပေါင်းပြီးစားစားlကြော်ပြီးစားစားlဆီပြန်ဟင်းပဲချက်စားစား "အကောင်းတကာ့အကောင်းဆုံးက တော့ "ငါးမှာငါးသလောက်lမယားမှာဆံထောက်"ဟုဆိုစမှတ်ရှိခဲ့ သည့်အတိုင်း ငါးသလောက်ငါးကိုလူတိုင်းကြိုက်နှစ်သက်ကြ သည်။
ငါးသလောက်ငါးကိုပင်လယ်ပင်မှာဖမ်းဆီးရနိုင်သလိုပင်လယ်နှင့်တစ်
ဆက်တစ်စပ်တည်းဖြစ်နေသည့်မြစ်ချောင်း(ရေချို)တွင်လည်းဖမ်းဆီးရရှိနိုင်သည်။ပင်လယ်ငါးသလောက်ကိုပေါများစွာဖမ်းဆီးရရှိနိုင်သော်လည်းမြစ်ချောင်းများတွင်ရေခ်ျုငါးသလောက်ကိုဒေသခံတ်ု့စားသုံးရန်သာဖမ်းဆီးရရှိနိုင်ကြောင်းသိရသည်။

ရေချိုတွင်ဖမ်းဆီးရရှိသည့်ငါးသလောက်ကိုစားသုံးသူများအထူးနှစ်သက်ကြသည်။ဈေးကွက်တွင်လည်းပင်လယ်ငါးသလောက်ထက်ဈေးမြင့်သည်။ရေချိုငါးသလောက်ကိုမုန့်ဟင်းခါးဟင်းရည်ချက်ရာတွင်အလွန်ကောင်းကြောင်းသိရသည်။သို့ပေမဲ့မုန့်ဟင်းခါးဟင်းရည်ချက်ရန်မပြောနှင့်စားသုံးရန်ပင်ဖျာပုံဈေးကွက်တွင်မေ၂၄ရက်နံနက်ကရေချိုငါးသလောက်တစ်ပိဿာကျပ်နှစ်သောင်းဖြစ်နေကြောင်းသိရသည်။
ငါးမှာငါးသလောက်ဟုဆိုသော်လည်းအခြေခံလူတန်းစားများစားသောက်ရန်လက်လှမ်းမမှီပါ။ ရေချိုငါးသလောက်ကဲ့သို့ပင်ပင်လယ်မှဖမ်းဆီးရရှိသည့်ငါးသလောက်များမှာလည်းငါးတစ်ကောင်လေးဆယ်ကျပ်သားမှအထက်သည်ပြည်ပဈေးကွက်ဝင်နေသဖြင့်ချဉ်သီးပင်အောက်ချဉ်သီးရှားဆိုသကဲ့သို့ငါးသလောက်အသေးများကိုသာတစ်ပိဿာငွေကျပ်ရှစ်ထောင်ခန့်ဖြင့်ဝယ်ယူစားသုံးနေရကြောင်းသိရသည်။

ဖျာပုံသူဖျာပုံသားတို့အတွက်"ငါးမှာငါးသလောက်ဟု "ဆိုသော်လည်း အခြေခံလူတန်းစားများဝယ်ယူစားသုံးရန်ခက်ခဲလှပါသည်။

အောင်ဝင်း-ဖျာပုံ

No comments:

Post a Comment