Latest News

Monday, May 21, 2018

မန္တလေးတောင် တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကျင်းပ

မန္တလေးတောင် တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကျင်းပ


မန္တလေး   မေ   ၂ဝ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏      ညွှန်ကြားမှုဖြင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီးဌာန   မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ပြိုင်ပွဲ အဓိကကူညီပံ့ပိုးသူ MFRစက်ဘီးစီး အဖွဲ့တို့  ပူးပေါင်း၍ မန္တလေးတောင်  Junior Down Hill တောင်အဆင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို မန္တလေး တောင်ပေါ် တာလွှတ်စုရပ်နေရာ၌ မေ၂ဝ ရက် နံနက်ပိုင်းက  ကျင်းပရာ  သက်ငယ် တန်းပြိုင်ပွဲဝင် စက်ဘီးသမား ၂၇ ဦးနှင့်Master တန်းပြိုင်ပွဲဝင်  ၁၁    ဦးတို့   ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ     ပြိုင်ပွဲဝင်များသည် တောင်ထိပ် စုရပ်နေရာမှ အစဉ်အတိုင်း ကီလိုမီတာ ၁၈ဝဝ ကျော်အား တစ်ဦး ချင်းအခက်အခဲများကို  ကျော်လွှားကာ အကြိတ်အနယ်စီးနင်း၍ တောင်အဆင်း လမ်းကြမ်း   သတ်မှတ်တောင်ခြေ စုရပ် နေရာသို့ ယှဉ်ပြိုင်ပန်းဝင်ရောက်ရှိခဲ့ကြရာ စက်ဘီးဒိုင်အဖွဲ့ဝင်များက စံချိန်မှတ်ပေး ၍   နေရာအတန်းလိုက်ဆုရသူများ   စာရင်းရွေးချယ်ပေးကြပြီး  တာဝန်ရှိသူများ စက်ဘီးစီးဝါသနာရှင်  ပြည်သူများပြိုင်ပွဲဝင်များ၏  မိဘဆွေမျိုးများ တက်ရောက် အားပေးခဲ့ကြသည်။

ချီးမြှင့်ပေးအပ်
ထို့နောက် ပြိုင်ပွဲအပြီး ဆုများချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အငယ်တန်း ပြိုင်ပွဲတွင် ရှိုင်းမိုးဦးက ပထမ၊ ဉာဏ်လင်းထက်က ဒုတိယ၊  ဟိန်းစိုးလင်းက တတိယ၊ ကိုသန့်က စတုတ္ထနှင့် ဘုန်းမြတ်က ပဉမဆုရရှိကြပြီးMaster  တန်းပြိုင်ပွဲတွင် ညီညီ က ပထမ၊  ကျော်နန္ဒက  ဒုတိယ၊  ပြည့်စုံက   တတိယ၊  ဟိန်းမင်းထက်က စတုတ္ထနှင့် စိုင်းကျော်သူက ပဉမဆုတို့ အသီးသီးရရှိကြရာ တိုင်းအားကစားနှင့်  ကာယပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူး    ဦးဝေဇင်၊   ဒုတိယညွှန်ကြားရေးမှူး   ဦးစိန်ဝမ်းနှင့်  ပြိုင်ပွဲအဓိကကူညီသူ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ MFR စက်ဘီး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းတို့က ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment