Latest News

Monday, May 21, 2018

အင်္ဂလိပ် အက်ဖ်အေဖလား ချယ်လ်ဆီးတို့ ရှစ်ကြိမ်မြောက် ဆွတ်ခူး

အင်္ဂလိပ် အက်ဖ်အေဖလား ချယ်လ်ဆီးတို့ ရှစ်ကြိမ်မြောက် ဆွတ်ခူး

အင်္ဂလိပ် အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၉ ရက် ညပိုင်းက ချယ်လ်ဆီးနှင့် မန်ယူတို့ လန်ဒန်မြို့ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီးက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ အက်ဖ်အေဖလားကို ရှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။

ယခုနှစ်ရာသီ၌ ပြိုင်ပွဲအရပ်ရပ်၌ ဆုဖလားဆွတ်ခူးနိုင်ခြင်း မရှိသေးသည့်     မန်ယူနှင့်    ချယ်လ်ဆီးတို့    အက်ဖ်အေဖလား ဆွတ်ခူးနိုင်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ပွဲမှာ မြိုင်ဆိုင်ခဲ့သလို နည်းပြနှစ်ဦးဖြစ်သည့် ကွန်တီနှင့် မော် ရင်ဟိုတို့နှစ်ဦးကြား အားပြိုင်ပွဲလည်း ဖြစ်ခဲ့သည်။

ပွဲစတင်သည်နှင့် နှစ်သင်းစလုံး ဂိုးရရှိရေး အပြန်အလှန် ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် ၂၂ မိနစ်တွင် မန်ယူဂိုးဧရိယာ အတွင်း ဟာဇက် ဘောလုံးဆွဲယူလာသည်ကို မန်ယူမှ ဖီးလ်ဂျုံး ဖျက်ထုတ်မှုကြမ်း၍    ချယ်လ်ဆီးတို့    ပယ်နယ်တီကန်ခွင့် ရရှိကာ     ဟာဇက်က    သွင်းယူပေးသဖြင့်     ချယ်လ်ဆီးတို့ ဂိုးရရှိခဲ့သည်။ ပထမပိုင်းပြီးသည်အထိ မန်ယူတို့ ချေပဂိုး မသွင်းနိုင်၍ တစ်ဂိုး ဂိုးမရှိဖြင့် ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံး အကြိတ်အနယ် ကစားရင်း ဂိုးထပ်မံမသွင်းနိုင်၍ ချယ်လ်ဆီးတို့ တစ်ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

အက်ဖ်အေဖလား သမိုင်းတွင် အာဆင်နယ်တို့က ၁၃ ကြိမ်ဖြင့် အများဆုံးရရှိထားပြီး မန်ယူက အာဆင်နယ် စံချိန်ကို လိုက်မီရန် ယခုပွဲ ဗိုလ်စွဲပါက ၁၃ ကြိမ်မြောက် ရရှိမည်ဖြစ်သော် လည်း ရှုံးနိမ့်ခဲ့သောကြောင့် ၁၂ ကြိမ်ဖြင့် ဒုတိယ အများဆုံး ရရှိထားသည်။      
                                               
သီဟ

No comments:

Post a Comment