တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် တတိယ နေရာ လုပွဲစဉ်များ ကျင်းပ
နေပြည်တော် မေ ၂ဝ
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ အားကစား ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ၏ ပွဲစဉ်များကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းရှိ ဘိလိယက်နှင့် စနူကာပြိုင်ပွဲရုံ၌ ယှဉ်ပြိုင်ကစားကြသည်။
ယနေ့ပွဲစဉ်များအဖြစ် စနူကာနှစ်ယောက် တွဲကွာတားဖိုင်နယ်ပွဲစဉ်များတွင် သက်နိုင်ဦး+ ကောင်းဇံထက်(မကွေး) က နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)က၂ ပွဲ- ၁ ပွဲဖြင့်လည်းကောင်း၊ နေလင်းထွန်း+ ကျော်ဝေယံစိုး(မကွေး)က နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စိုးပြည့်သျှံ+ရဲရင့်မှူး(မွန်) က ၂ ပွဲ- ၁ ပွဲဖြင့်လည်းကောင်း၊ ဘိလိယက် တစ်ဦးချင်း တတိယနေရာလုပွဲတွင် ထွန်းထွန်းဝင်း (ဧရာဝတီ)က ၂ ပွဲ- ၁ ပွဲဖြင့်လည်း ကောင်း၊ စနူကာတစ်ဦးချင်း တတိယလုပွဲ တွင် ဇင်မင်းထက်(ကချင်)က ၂ ပွဲ- ၁ ပွဲဖြင့် လည်းကောင်း၊ ဘိလိယက် နှစ်ယောက်တွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် ချမ်းငြိမ်းသူ+ အောင်ဆွေမင်း(မကွေး)က ၃ ပွဲ ၂ ပွဲဖြင့်လည်း ကောင်း၊ သီဟအောင်+အောင်မျိုးဦး (ရှမ်း)က ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ စနူကာနှစ်ယောက်တွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)က ၃ ပွဲ ၂ ပွဲဖြင့်လည်းကောင်း၊ နေလင်းထွန်း+ကျော်ဝေယံ စိုး(မကွေး)က ၃ ပွဲ ၂ ပွဲဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။ ဆက်လက်၍ ဘိလိယက်နှစ်ယောက်တွဲ တတိယနေရာလုပွဲနှင့် စနူကာနှစ်ယောက်တွဲနေရာလုပွဲတို့ကို ဆက်လက်ယှဉ်ပြိုင်ကြသည်။
နောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်များကို မေ ၂၁ ရက် နံနက် ၁ဝ နာရီတွင် စတင်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဆုပေးပွဲ အခမ်း အနားကို ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
MWD
Monday, May 21, 2018
တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် တတိယ နေရာ လုပွဲစဉ်များ ကျင်းပ
တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် တတိယ နေရာ လုပွဲစဉ်များ ကျင်းပ
Reviewed by Ar Ti
on
3:52 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment