Latest News

Monday, May 21, 2018

ရန်ကုန် အိမ်ခြံမြေ ဈေးကွက်တွင် ယခုရက်သတ္တပတ် အတွင်း ပါမစ်မြေဝယ်ယူသူများပြားနေ

ရန်ကုန် အိမ်ခြံမြေ ဈေးကွက်တွင် ယခုရက်သတ္တပတ် အတွင်း ပါမစ်မြေဝယ်ယူသူများပြားနေ

ရန်ကုန်   မေ  ၂ဝ

ရန်ကုန်အိမ်ခြံမြေဈေးကွက်၌   ယခုရက်သတ္တပတ်တွင်  ပါမစ်မြေများဝယ်ယူမှု များပြားလျက် ရှိကြောင်း အိမ်ခြံမြေ ရောင်းဝယ် ရေးအကျိုးဆောင်လုပ်ငန်းများထံမှ သိရသည်။ သင်္ကြန်နောက်ပိုင်းတွင် အိမ်ခြံမြေရင်းနှီး မြှုပ်နှံလုပ်ကိုင်သူများ    ဈေးကွက်အတွင်း အရောင်းအဝယ်ပြန်လည် ဖြစ်ပေါ် နေပြီး ငွေအရင်းအနှီးထုတ်၍ လုပ်ကိုင်မှုများလည်း များပြားလာသည်။

အဓိကအားဖြင့် စက်မှုဇုန် များ တည်ရှိနေသော မြို့နယ်များ၌ ပါမစ်မြေ အရောင်းအဝယ်များ ပြန်လည်ဖြစ်ပေါ်နေပြီး အများစုမှာ နေထိုင်ရန် ဖြစ်ကြောင်း၊ ယင်းအတွက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများပြားနေပြီး ဝယ်ယူသူများသည် ငွေကျပ်သိန်း  ၅ဝ  မှ  ၁ဝဝ  ဝန်းကျင် အတွင်းရှိ ပါမစ်မြေများ အဝယ်များ လာကြောင်း သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်နေကြောင်း သိရသည်။

''အိမ်ခြံမြေဈေးကျဆင်းသွားတာတွေလည်း ပါဝင်ပါတယ်။ အရင်က ဒဂုံ(အရှေ့ပိုင်း)မြို့နယ်ကမြေတွေဆိုရင် ငွေကျပ်သိန်း ၄ဝဝ လောက်ရှိတယ်။ အခုဆိုရင် ငွေကျပ်သိန်း ၁ဝဝ လောက်ပဲရှိတာဆိုတော့ ဝယ်ယူသူ လိုက် လာတယ်။ အရောင်းအဝယ်ပြန်ကောင်း နေပေမယ့် ဈေးကတော့ကျဆင်းနေဆဲပါပဲ။ မြို့တွင်းက ငွေကျပ်သိန်းထောင်ချီတဲ့မြေကွက် တွေလည်း အဝယ်လိုက်ပါတယ်။ ငွေကျပ်သိန်း ၁ဝဝ ဝန်းကျင် မြေကွက် တွေလောက်တော့ အရောင်းအဝယ်မဖြစ်ဘူးပေါ့။ အနိမ့်ဆုံးပေ ၄ဝ ပေ ၆ဝ ရှိကြတယ်။ တချို့က လည်း ပေ ၂ဝ လောက်ဖြတ်ရောင်းနေတာ တွေလည်းရှိတယ်''ဟု ဒဂုံ(အရှေ့ပိုင်း)မြို့နယ် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ ဦးရွှေမျိုးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံ(တောင်ပိုင်း)မြို့နယ်၊ ဒဂုံ(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံ (မြောက်ပိုင်း)မြို့နယ်တို့ရှိ အိမ်ခြံမြေဈေးကွက်တွင် အများဆုံးဝယ်ယူမှုအားကောင်းနေကြောင်း၊ ယင်းအနက် ရင်းနှီး မြှုပ်နှံလုပ်ကိုင်မည့်လုပ်ငန်းရှင်များဝယ်ယူမှု နည်းပါးပြီး နေထိုင်ရန်ဝယ်ယူသူများကြောင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းတချို့တွင် ငွေပြန်ည်ပတ်လာခြင်း၊ ဘဏ်အတိုးနှုန်းများ လျှော့ချလာခြင်းများကြောင့် အိမ်ခြံ မြေဈေး ကွက်ပြန်လည်ကောင်းမွန်လာခြင်းလည်းဖြစ်ကြောင်း၊ အိမ်ခြံမြေဈေးနှုန်းစံသတ်မှတ်ချက် ထွက်ပေါ်လာ ပါက လည်း အိမ်ခြံမြေဈေး ကွက်ပြန်လည်ဦးမော့လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

MWD

No comments:

Post a Comment