Latest News

Monday, May 21, 2018

အမေရိကန်- မြောက်ကိုရီးယားထိပ်သီး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ထရမ့်နှင့် မွန်ဂျေးအင် ဆွေးနွေး

အမေရိကန်- မြောက်ကိုရီးယားထိပ်သီး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ထရမ့်နှင့် မွန်ဂျေးအင် ဆွေးနွေး

ဆိုး   မေ  ၂ဝ

မကြာမီကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီး ဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ခြိမ်းခြောက်ပြီးနောက် ယင်းထိပ်သီး ဆွေးနွေးပွဲကျင်းပရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်တို့က မေ ၂ဝ ရက်တွင် ဆွေးနွေးသည်။

၎င်းတို့နှစ်ဦးသည် တယ်လီဖုန်းမှတစ်ဆင့် မိနစ် ၂ဝ ကြာ ဆွေးနွေးခြင်းဖြစ်ပြီး မြောက်ကိုရီးယား အစိုးရ၏ တုံ့ပြန်မှုများကို အမြင်ချင်း ဖလှယ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ဖော်ပြခဲ့ခြင်း မရှိပေ။ ခေါင်းဆောင်နှစ်ဦးသည် မကြာမီပြုလုပ်မည့် တောင်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲနှင့် ဇွန် ၁၂ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲတို့ကို အောင်မြင် စွာ ကျင်းပနိုင်ရေး အတွက် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးမှ တာဝန်ရှိသူက ဆိုသည်။

ထရမ့်နှင့်မွန်ဂျေးအင်တို့သည် လာမည့်ရက် သတ္တပတ်တွင် ဝါရှင်တန်မြို့၌တွေ့ဆုံရန်စီစဉ် ထားသည်။ တောင်ကိုရီးယားနှင့်အမေရိကန်တို့၏ Max Thunder ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ခြင်း မရှိလျှင် မြောက်ကိုရီးယားအစိုးရအနေဖြင့် တောင်ကိုရီးယားနှင့်ဆွေးနွေးမည်မဟုတ်ကြောင်း  မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းရေးမှူး ရီဆုန်ဂွမ်က ပြောသည်။

အလားတူ တောင်ကိုရီးယား အစိုးရအနေဖြင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လိုသည့် ဆန္ဒရှိကြောင်းပြသသည့် အနေဖြင့် တောင်ကိုရီးယားတွင်ရောက်ရှိနေသည့် မြောက်ကိုရီးယား အမျိုးသမီးအလုပ် သမားများကို ၎င်းတို့၏ နေရပ်နိုင်ငံသို့ချက်ချင်း ပြန်ပို့ပေးရန် မြောက်ကို ရီးယားကြက်ခြေနီ အဖွဲ့က မေ ၁၉ ရက်တွင်တောင်းဆိုထားသည်။

အဆိုပါ  မြောက်ကိုရီးယားအမျိုးသမီး အလုပ်သမားများသည် ၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံမှ တစ်ဆင့် တောင် ကိုရီး ယားသို့ သွားရောက်ခြင်းဖြစ်ပြီး  ၎င်းတို့ကို တောင်ကိုရီးယား အစိုးရက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက စွပ်စွဲကာ ပြန်လည် လွှဲပြောင်းပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment