Latest News

Tuesday, May 8, 2018

သမ္မတ သက်တမ်း ထမ်းဆောင်ရန် ပူတင် ကျမ်းသစ္စာ ကျိန်ဆို

သမ္မတ သက်တမ်း ထမ်းဆောင်ရန် ပူတင် ကျမ်းသစ္စာ ကျိန်ဆို

မော်စကို မေ ၇

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သမ္မတအဖြစ် နောက်ထပ် ခြောက်နှစ် သက်တမ်းဆက်လက် ထမ်းဆောင်ရန် မေ ၇ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုကြောင်း သိရသည်။

ကျမ်း သစ္စာကျိန်ဆိုပွဲကို ကရင်မလင်နန်းတော်ရှိ အန်ဒရေယက်စကီခန်းမဆောင်၌ ကျင်းပခြင်းဖြစ်ပြီး သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ရုရှား ပြည်သူများအား အလုပ်အကျွေးပြု၍ ၎င်းတို့၏ လွတ်လပ်ခွင့်များ၊ အခွင့်အရေးများနှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်သွားမည်ဟု ပူတင်က ကျမ်းသစ္စာကျိန်ဆိုကြောင်း သိရသည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ပူတင်သည် မဲပေးသူစုစုပေါင်းအနက် ၇ဝ ရာခိုင်နှုန်းကျော်၏ တစ်ခဲနက် ထောက်ခံမှုဖြင့် စတုတ္ထမြောက် သမ္မတသက်တမ်းကို ဆက်လက် ထမ်းေ ဆာင်ခြင်းဖြစ်သည်။

ပူတင်သည် ရုရှားနိုင်ငံအတွင်း၌ ပြည်သူများ၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံရရှိထားသော်လည်း အနောက် နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ခိုင်မာမှုမရှိသည့် နိုင်ငံ့စီးပွားရေးနှင့် ၎င်း၏သမ္မတ သက်တမ်းအကုန်ပိုင်း တွင် မည်သည့်အရာများ ဖြစ်လာမည်ကို မသိနိုင်ခြင်း စသည့်အကြောင်းရင်းများကြောင့် ပြည်သူများမှာ စိုးရိမ်လျက်ရှိသည်။

ပူတင်၏ စတုတ္ထမြောက် သမ္မတသက်တမ်းသည် ၂ဝ၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နောက်ပိုင်း၌ ၎င်းအနေဖြင့် သမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း သိရသည်။

MWD

No comments:

Post a Comment