Latest News

Thursday, May 31, 2018

အငြင်းပွား တောင်တရုတ် ပင်လယ်၌ ၎င်း၏ တပ်ဖွဲ့ဝင်များ ထိခိုက်ပါက စစ်ဖြစ်ရန် အသင့်ရှိဟု ဖိလစ်ပိုင် ပြော

အငြင်းပွား တောင်တရုတ် ပင်လယ်၌ ၎င်း၏ တပ်ဖွဲ့ဝင်များ ထိခိုက်ပါက စစ်ဖြစ်ရန် အသင့်ရှိဟု ဖိလစ်ပိုင် ပြော

ဖနွမ်းပင် မေ ၃ဝ

အငြင်းပွားရေပိုင်နက်၌ ဖိလစ်ပိုင်စစ်ဘက် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိပါက စစ်မက်ဖြစ်ပွားရန် အသင့် ပြင်ဆင်ထားကြောင်း ဖိလစ်ပိုင်ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူတစ်ဦးက မေ ၃ဝ ရက်တွင်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နှင့် တင်းမာမှုကို လျှော့ချရန် အမြဲတမ်း တရားဝင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင် ရေး ကြိုးပမ်းမည်ဖြစ်သော်လည်း စစ်ဘက်၌ ရန်စမှု သို့မဟုတ် ထိခိုက်နစ်နာမှု ဖြစ်အောင်ပြုလုပ်ပါက စစ် မက်ဖြစ်ပွားမှုကို ထည့်တွက်မည် မဟုတ်ကြောင်း အမျိုးသားလုံခြုံရေး အကြံပေး ဟာမိုဂျင်း အက်စပါလွန်က ပြောသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရပါက ဖိလစ်ပိုင်အစိုးရ၏ သည်းခံနိုင်မှု ကုန်ဆုံးသွားမည် ဖြစ်ကြောင်း သမ္မတ ဒူတာတေက ပြောသည်ဟု ၎င်းကဆက်ပြောသည်။

ဖိလစ်ပိုင်၏ အ ထူးစီးပွားရေးဇုန် အတွင်းရှိ ဧရိယာများ အပါအဝင် အငြင်းပွားရေပိုင်နက် အတွင်းရှိ ကျွန်းတုများ၌ ဒုံးကျည်စနစ်များ တပ်ဆင်ခြင်းနှင့် ပတ်သက်၍ ဖြေရှင်းခြင်း မရှိသည့်တရုတ်ကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက ပြင်းပြင်းထန်ထန် အပြစ် တင်ဝေဖန်ထားသည်။

သမ္မတ ဒူတာတေ၏ အတိုက်အခံများသည် တရုတ်၏ လုပ်ဆောင်မှုအပေါ် ဖိလစ်ပိုင်အစိုးရက သံတမန် နည်းအရ ကန့်ကွက်သော်လည်း အောင်မြင်မှုမရခြင်းကို ဝေဖန်ထားသည်။ သို့သော် သမ္မတ ဒူတာတေသည် ယခင်သမ္မတများနှင့်မတူညီဘဲ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် ကောင်းမွန်နေပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကို ဖိတ်ခေါ်ထားသည်။

MWD

No comments:

Post a Comment