Thursday, May 31, 2018
ပင်လယ်တွင် လှေမှောက်၍ မျောပါလာသူ ရခိုင်လူမျိုး ခုနစ်ဦးအား ကယ်ဆယ်ကူညီ
လပွတ္တာ မေ ၃ဝ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ပေါ်သို့ စက်လှေမှောက်ပြီး ပင်လယ်ရေ နှင့် မျောပါလာသူ ရခိုင်လူမျိုးခုနစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မေ ၃ဝ ရက် နံနက် ၈ နာရီတွင် အသက်ကယ်တင် ကူညီပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက်တွင် စက်လှေ ပိုင်ရှင်ပါ ရေလုပ်သားခုနစ်ဦးတို့သည် ရခိုင် ပြည်နယ် သံတွဲမြို့နယ်မှ ပင်လယ်ပြင်သို့ မျှောပိုက်ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ထွက်ခွာလာခဲ့သည်။ မေ ၂၆ ရက်တွင် ပင်လယ် ပြင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရေနံစင် အထက် ကမ်းခြေနှင့် မိုင် ၆ဝ ခန့်အကွာတွင် စက်လှေတိမ်းမှောက်ခဲ့ရာ လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ဘက်သို့ ပင်လယ်ရေနှင့်အတူ မျော ပါလာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က မျောပါလာသူ ရေလုပ်သားခုနစ်ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ခြင်း၊ အဝတ်အထည်၊ အစားအသောက်များ ပေအပ်ခြင်းအပြင် ကျန်းမာရေးစောင့်ရှောက် ခြင်းတို့ကိုလည်း ကူညီပေးခဲ့ကြောင်း သိရ သည်။
ငါးဖမ်းစက်လှေပိုင်ရှင်မှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် နေထိုင်သည့် ဦးသန်းမြင့် အသက်(၄၃)နှစ်ဟု သိရပြီး ကျေးရွာအုပ်ချုပ် ရေးမှူးက နယ်မြေခံရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ သတင်း ပေးပို့ထားကြောင်း သိရသည်။
မောင်ချစ်ဦး(ပန်းတနော်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ပင်လယ်တွင် လှေမှောက်၍ မျောပါလာသူ ရခိုင်လူမျိုး ခုနစ်ဦးအား ကယ်ဆယ်ကူညီ
Reviewed by timeayeyar
on
6:24 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment