Latest News

Thursday, May 31, 2018

ရန်ကုန်မျက်စိ ဆေးရုံကြီး၌ မျက်ကြည်လွှာ လှူဒါန်းသူ အလှူရှင်များ လိုအပ်နေ

ရန်ကုန်မျက်စိ ဆေးရုံကြီး၌ မျက်ကြည်လွှာ လှူဒါန်းသူ အလှူရှင်များ လိုအပ်နေ

ပြည်တွင်း၌   မျက်ကြည်လွှာအလှူရှင် စောင့်ဆိုင်းနေသည့် လူနာများ    များပြားနေသဖြင့်  မျက်ကြည်လွှာလှူဒါန်းသူ အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ရန်ကုန်မျက်စိဆေးရုံကြီး  ပါမောက္ခဌာနမှူး  ဒေါက်တာ တင်ဝင်းထံမှ သိရသည်။ လတ်တလောတွင် အလှူရှင်များမှာ တစ်ဦးတစ်ယောက်ချင်းသော် လည်းကောင်း၊  အသင်းအဖွဲ့များနှင့်သော် လည်းကောင်း လာရောက်လှူဒါန်းလေ့ ရှိသော်လည်း ယမန်နှစ်က မျက်ကြည်လွှာ စုစုပေါင်း ၁၅ဝ သာ ရရှိခဲ့ပြီး စောင့်ဆိုင်းနေသည့် လူနာများ  ပိုမိုများပြားနေသည်။

ထို့ပြင်  မျက်ကြည်လွှာ လှူဒါန်းရာတွင်  လှူဒါန်းသူ၏ ကျန်ရှိခန္ဓာကိုယ်အား လေးစား သည့် အနေဖြင့်  မျက်ကြည်လွှာ ထုတ်ပြီးပါက  မျက်စိပုံစံမပျက်စေရန်    မူလအနေအထားကဲ့သို့    ပြန်လည်ပြု လုပ်ပေးလေ့ ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က မျက်ကြည်လွှာ အလှူရှင်   ၇၅  ဦးသာ ရှိခဲ့ပြီး မျက်ကြည်လွှာ စုစုပေါင်း  ၁၅ဝ ရရှိခဲ့ကြောင်း၊ ယင်းပမာဏသည် စောင့်ဆိုင်းနေသည့် လူနာနှင့် နှိုင်းယှဉ်လျှင် နည်းပါး နေသည့်အတွက်  ပြည်သူများ ပူးပေါင်းပါဝင် လှူဒါန်းရန် လိုအပ်နေကြောင်း  သိရသည်။

 ''စောင့်နေရတာတော့ကြာပါပြီ။မျက်စိမမြင်ရတဲ့ဘဝက အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ အလှူရှင်ကိုလည်း တစ်သက်လုံး ကျေးဇူးတင်သွားမှာပါ။ ဒီမျက်လုံးနဲ့ အားလုံးအတွက်ရော ကိုယ့်အတွက်ပါ အကျိုးရှိတာတွေ လုပ်သွားမှာပါ'' ဟု  မျက်ကြည်လွှာ  အစားထိုးကုသရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောသည်။

ထို့ပြင် လူနာများအနေဖြင့် စောင့်ဆိုင်းကာလ ကြာမြင့်နိုင်သည့်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းရန် လိုအပ်ကြောင်း၊ မျက်ကြည်လွှာ တစ်ခုရရှိပါက အုပ်စုတူညီမှသာ  မျက်ကြည်လွှာ အစား ထိုးနိုင်ကြောင်း သိရသည်။

MWD

No comments:

Post a Comment