အမေရိကန်နိုင်ငံသားများ ပြန်လည်လွတ်မြောက်လာသည့်အတွက် ဝမ်းမြောက်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောကြား
ဝါရှင်တန် မေ ၁ဝ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးကျင်းပမှု မတိုင်မီတွင် သံတမန်ရေးရာ လှုပ်ရှားဆောင်ရွက်မှု များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သမ္မတထရန့်က ကြာသပတေးနေ့အစောပိုင်းတွင် ¤င်းအား ဖုန်းဖြင့် ဆက်သွယ်ခေါ်ဆိုခဲ့ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။ တရုတ်ဝန်ကြီးချုပ် လီခချန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်းတို့ တိုကျို၌ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီးနောက်တွင် ယင်းဖုန်းခေါ်ဆိုမှု ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေ့၌ပင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအိုသည် ပြုံယမ်းသို့ လာရောက်လည်ပတ်ကာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံခဲ့သည်။
မိုက်ပွန်ပီအိုသည် ဖမ်းဆီးထိန်းသိမ်းထားရာမှ လွှတ်ပေးလိုက်သည့် အမေရိကန်နိုင်ငံသား သုံးဦးနှင့်အတူ ထွက်ခွာ လာခဲ့သည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်နိုင်ငံသားများ ပြန်လည်လွတ်မြောက်လာသည့်အတွက် ဝမ်းမြောက်ကြောင်း ထရန့်အား ပြောကြားခဲ့ပြီး မြောက်ကိုရီး ယား၏ အပြုသဘောဆောင်သည့် ယင်းဆောင်ရွက်မှုကို လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြောကြားခဲ့ သည်။
ဝန်ကြီးချုပ်နှင့် ထရန့်တို့သည် မြောက်ကိုရီးယားဘက်နှင့် မိုက်ပွန်ပီအိုတို့၏ ဆွေးနွေးခဲ့မှုများကိုလည်း အသေးစိတ်ပြန်လည် ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြန်မာ့အလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment