Latest News

Thursday, May 10, 2018

တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်ထံမှ လက်နက်လုယူမှုဖြစ်ပွား

တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်ထံမှ လက်နက်လုယူမှုဖြစ်ပွား

ရန်ကုန် မေ ၁ဝ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ဒဂုံမြောက်ရဲစခန်းမှ ရဲအုပ်တင်ဝင်းထွန်းနှင့်အဖွဲ့သည် မေ ၈ ရက် ည ၁၁ နာရီခွဲတွင် ပျံလွှား မီးတန်းယာဉ်ဖြင့် လှည့်ကင်း ဆောင်ရွက်နေစဉ် ၃၅ ရပ်ကွက်ရှိ ထမင်းကြော်ဆိုင်တွင် လူငယ်တစ်စုက ဆိုင်အတွင်းရှိ စားပွဲဝိုင်းနှင့် ထိုင်ခုံများကို ဝင်ရောက်ရိုက်နှက်ဖျက်ဆီးသွားကြောင်း သတင်းပေး တိုင်တန်းချက်ရရှိခဲ့သည်။

ယင်းနောက် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဆိုင်ရှင် ဦးသက်ဆွေ က ၎င်းဆိုင်အား ဖျက်ဆီးသူ များထဲတွင် ချမ်းမြေ့လင်း (ခ)ခေါင်းဖြူပါဝင်ကြောင်း၊ ၎င်းတို့အဖွဲ့က (၃၂)ရပ်ကွက်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း၊ ထို့ကြောင့် ၎င်းနေထိုင်ရာ စိမ်းလဲ့သာယာလမ်း၊ (၃၂) ရပ်ကွက်သို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် သွားရောက် စစ်ဆေးရာ ၎င်း၏မိခင် ဒေါ်ရီဝင်း၊ ညီဖြစ်သူ ထက်လင်း၊ ဟန်လင်းထက်၊ မလေးစုဝင်းတို့အနောက်မှ ရောက် လာပြီး ဝင်ရောက်ထိုးကြိတ်၍ ရဲတပ်သား သူရအောင် ကိုင်ဆောင်သော ၁၂ ဘို့ ပြောင်းချောသေနတ်အား ဝင်ရောက်လုယူသဖြင့် ဒုတပ်ကြပ် ဇော်မျိုးသန့်က တားဆီးစဉ် ချမ်းမြေ့လင်း(ခ)ခေါင်းဖြူက ရဲတပ်သား သူရအောင်ထံသို့ အတင်းဝင်ရောက်၍ သေနတ်အား ထပ်မံလုယူသဖြင့် ရဲတပ်သားသူရအောင်က သေနတ်နှစ်ချက်ပစ်ခတ်ရာ ချမ်းမြေ့လင်း (ခ)ခေါင်းဖြူ တွင် ယာဘက်လည်ပင်းညှပ်ရိုး၊ ယာဘက်ပခုံးဘေး၊ ယာဘက်ရင်အုံပေါက်ပြဲဒဏ်ရာတစ်ချက်စီ၊ ယာဘက် ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာလေးချက်၊ ယာပေါင်ပေါက်ပြဲ ဒဏ်ရာသုံးချက်၊ ဝဲပေါင်နှင့် ပေါင်ရင်းနှင့် ဆီးစပ်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ဒုတပ်ကြပ် ဇော်မျိုး သန့်တွင် ဝဲနဖူးနှင့် အပေါ်နှုတ်ခမ်းဖူးရောင်၊ ဝမ်းဗိုက် နာကျင်ဒဏ်ရာရရှိပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပြင်ပလူနာ(မစိုးရိမ်ရ)နှင့် ချမ်းမြေ့လင်း (ခ)ခေါင်းဖြူ ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း ဆေးကုသ မှုခံယူခဲ့ကြောင်း သိရသည်။

တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့အား တာဝန်ဝတ္တရား ဆောင်ရွက် နိုင်ခြင်းမရှိအောင် ဟန့်တားခြင်းများပြုလုပ်ပြီး တာဝန် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့်အဖွဲ့အား သေစေလိုသည့် အကြံဖြင့် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်အား ဝင်ရောက် လုယူသည့် ချမ်းမြေ့ လင်း (ခ)ခေါင်းဖြူနှင့် မိသားစုများဖြစ်သော ဒေါ်ရီဝင်း၊ ထက်လင်း၊ ဟန်လင်းထက်၊ မလေးစုဝင်းတို့အား ဒဂုံ မြို့သစ်(မြောက်ပိုင်း) ရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment