Latest News

Tuesday, May 8, 2018

ခြေစမ်းပွဲများကစားမည့် လိဒ်စ်ယူနိုက်တက်အသင်း ရန်ကုန်မြို့သို့ရောက်ရှိ

ခြေစမ်းပွဲများကစားမည့် လိဒ်စ်ယူနိုက်တက်အသင်း ရန်ကုန်မြို့သို့ရောက်ရှိ


ရန်ကုန်    မေ   ၈

မြန်မာနိုင်ငံ၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန်  အင်္ဂလန်ကလပ်   လိဒ်စ်ယူနိုက်တက် အသင်းသည် ယနေ့ညနေပိုင်းက  ရန်ကုန် မြို့သို့   လေကြောင်းခရီးဖြင့်   ရောက်ရှိ လာရာ    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော် နှင့် အမှုဆောင်များ၊ ဧရာဝတီဘဏ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်   ကြိုဆိုနှုတ်ဆက် သည်။ ဘောလုံးအင်အားကြီး အင်္ဂလန် နိုင်ငံမှ       ကလပ်အသင်းတစ်သင်း  လာရောက်ခြင်းဖြစ်သောကြောင့် မြန်မာ့ ဘောလုံးလောကအတွက်   အပေါင်း လက္ခဏာဆောင်သည့်     ရလဒ်ဖြစ်ပြီး  မြန်မာဘောလုံးပရိသတ်များ တစ်ခဲနက်   လာရောက်အားပေးပါက ယင်းခြေစမ်းပွဲမှာ ပိုမိုအသက်ဝင်လာ ဖွယ်ရှိနေသည်။
AYA Bank Tour 2018 အစီအစဉ်ဖြင့် လာရောက် သည့် လိဒ်စ်ယူနိုက်တက်အသင်းသည် မြန်မာနိုင်ငံ၌ ငါးရက် ကြာနေထိုင်မည်ဖြစ်ပြီး  ရန်ကုန်နှင့်   မ္တလေးမြို့၌   ခြေစမ်းပွဲ တစ်ပွဲစီ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လိဒ်စ်ယူနိုက်တက်အသင်း တွင်  အမာခံကစားသမားအချို့  ကျန်ရစ်ခဲ့သော်လည်း  ပုံမှန် ကစားနေသည့်  ကစားသမားအများစု  ပါဝင်လာသောကြောင့်  အင်အားတောင့်တင်းဖွယ်ရှိနေပြီး         မြန်မာအသင်းများ                         နှင့်     ခြေစမ်းပွဲများမှာ     ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်သည်။ လိဒ်စ်ယူနိုက်တက်အသင်းတွင်    အုပ်ချုပ်၊  နည်းပြ   အဖွဲ့ဝင်          ၁၂   ဦး၊ ကစားသမား   ၂၂    ဦး   လိုက်ပါလာပြီး    မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ    ဦးဇော်ဇော်က  ခေတ္တတည်းခိုမည့်  နိုဗိုတယ် ဟိုတယ်တွင်  ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ယခုခြေစမ်း ခရီးစဉ်အတွက်    ပြည်ပနိုင်ငံများနှင့်    သတင်းဌာနများ၏ ဝေဖန်မှုများရှိခဲ့သော်လည်း   လိဒ်စ်ယူနိုက်တက်အသင်းသည် မြန်မာနိုင်ငံ     ခရီးစဉ်အား     အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှလည်း        ဧည့်ဝတ်ကျေပွန်စွာ      လိုလေသေးမရှိ  ဆောင်ရွက်ထားသလို   လုံခြုံရေးအပါအဝင်    အောင်မြင်စွာ ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ခြေစမ်းပွဲများအဖြစ် မေ ၉ ရက် (ယနေ့) တွင် သုဝဏ္ဏကွင်း၌ MNL All Star အသင်းနှင့် လိဒ်စ်ယူနိုက်တက်အသင်း၊ မေ ၁၁ ရက်တွင် မ္တလေးမြို့ရှိ မ္တလာသီရိကွင်း၌ မြန်မာ့လက်ရွေးစင် အသင်းနှင့် လိဒ်စ်ယူနိုက်တက်အသင်းတို့  ယှဉ်ပြိုင်ကစားမည် ဖြစ်ကာ ညနေ ၆ နာရီတွင်  စတင်မည်ဖြစ်သည်။ ဝင်ကြေးအဖြစ် ရန်ကုန်ပွဲအတွက် $ ငွေကျပ် ၄ဝဝဝ၊ ၃ဝဝဝ၊ ၂ဝဝဝ  သတ်မှတ်ထား ပြီး မ္တလေးမြို့၌   ကစားမည့်ပွဲအတွက် $ငွေကျပ် ၃ဝဝဝ၊ ၂ဝဝဝ သတ်မှတ်ထားသည်။   လိဒ်စ်ယူနိုက်တက်အသင်းနှင့်    ယနေ့ ခြေစမ်းမည့် MNL All Star အသင်းကို လက်ရှိMNL ပြိုင်ပွဲ တွင်  ခြေစွမ်းပြနေသည့် ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားပြီး နိုင်ငံခြားသားကစားသမား ခုနစ်ဦး၊ ပြည်တွင်း ကစား သမား ၁၄ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။MNL All Star  အသင်းတွင် အုပ်ချုပ်သူ - ဆီဗာဂျီ (ဟံသာဝတီ)၊ နည်းပြချုပ်-ဦးငွေထွန်း(ဟံသာဝတီ)၊   လက်ထောက်နည်းပြ  -   ဦးအောင် ဇော်မျိုး(မကွေး)၊ ဂိုးနည်းပြ-ဦးအောင်သက်(ရှမ်း)၊ ဂိုး- ပြည့်ဖြိုး အောင် (Southern)၊ နိုင်ဇေယျာထွန်း (ဇွဲကပင်)၊ နောက်တန်း- နန္ဒကျော်၊ ကျော်ဇင်လွင် (မကွေး)၊ ဝီလျံ၊ ဝ(ရှမ်း)၊  နေမျိုးအောင်၊ သက်နိုင်(ရတနာပုံ)၊  သက်လွင်ဦး (ဇွဲကပင်)၊ အလယ်တန်း - မောင်မောင်ဝင်း၊  ဖြိုးမောင်မောင်ဆွေ၊ ကင်မ်၊ သန်းထက်အောင် (ဇွဲကပင်)၊ ရဲကိုဦး၊ စည်သူအောင်(ရတနာပုံ)၊ အာကာပို၊ လှအေး ထွေး (ရခိုင်)၊  လီဟန်ကွတ် (ရှမ်း)၊ ရှေ့တန်း - အောင်မြင့်ထွန်း (မကွေး)၊ ခရစ္စတိုဖာ (ရှမ်း)၊ ဂျိုးဇက် (ဟံသာဝတီ)တို့ ပါဝင် နေသည်။                                                    

ညီမြတ်သော်တာ

No comments:

Post a Comment