Latest News

Tuesday, May 8, 2018

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းကြီးများ လုံခြုံရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းကြီးများ
လုံခြုံရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး


နေပြည်တော်   မေ   ၈

ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်အစည်းအဝေးကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမ၌ ယနေ့ ညနေပိုင်းတွင်  ကျင်းပခဲ့သည်။

အဆိုပါဝန်ကြီးအဆင့်အစည်းအဝေးသို့  ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီး  ဗိုလ်ချုပ် အောင်စိုး၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် အောင်ဝင်းဦး၊ ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးH. E. Mr. Zhao Kezhi ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ မဲခေါင်ဒေသတွင်း နိုင်ငံများ   ပူးပေါင်းဆောင်ရွက်မှု၊  မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လောင်းကစားမှုများအား တားဆီးနှိမ်နင်းရေး၊   မြန်မာ-တရုတ်   ပူးပေါင်းဆောင်ရွက် လျက်ရှိသော  စီမံကိန်းကြီးများ   လုံခြုံရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေးမှတ်တမ်းကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ   ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက   မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသို့    ကူညီထောက်ပံ့ပေးသည့်   ယွမ် ၁၄  ဒသမ  ၄ သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထောက်အကူပြုပစ္စည်းများ၊       ယွမ်     ငါးသန်းတန်ဖိုးရှိ    ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများနှင့် မှုခင်းစုံစမ်းစစ်ဆေးရေး      အထောက်အကူပြုပစ္စည်းများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ၁၈ ဒသမ ၉    သန်းတန်ဖိုးရှိ   တရားဥပဒေစိုးမိုးရေးတွင် အသုံးပြုရန် မော်တော်ယာဉ်များ လှူဒါန်းခြင်းတို့အတွက် အထောက်အထား စာရွက်စာတမ်းများ ပေးအပ်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ  နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H. E. Mr. Zhao Kezhi ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည်  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိ ကြခြင်းဖြစ်ကြောင်း သိရှိရသည်။                        

သတင်းစဉ်

No comments:

Post a Comment