Latest News

Tuesday, May 8, 2018

စုပေါင်းအင်အားကို ဤသို့ အကောင်အထည်ဖော်ကြပါစို့

စုပေါင်းအင်အားကို ဤသို့ အကောင်အထည်ဖော်ကြပါစို့

ပြည်သူအများ ရွေးကောက်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့အစိုးရအနေဖြင့် တိုင်းပြည်၏တာဝန်များကို ထမ်းဆောင်လျက်ရှိသည်မှာ  နှစ်နှစ်ကျော်၊  သုံးနှစ် အတွင်း ရောက်ရှိနေပြီ ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပါ နိုင်ငံသူ နိုင်ငံသား ပြည်သူများအားလုံးကိုလည်း မိမိတို့ အစိုးရအဖွဲ့၏  ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းအသိပေးတင်ပြပြီးဖြစ်ကြပါသည်။ မင်္ဂလာနှစ်သစ်ကူး အကြို၌ မင်္ဂလာရှိသောစကားများကို ချိန်ကိုက်ပြောကြားသွားခဲ့ကြသည့်အတွက် မင်္ဂလာရှိလှပါသည်။ အားလည်းအားရ၊ ဝမ်းသာရပါသည်။ မိမိကိုယ်ကျိုးအတွက်မဟုတ် အများအတွက်၊ နိုင်ငံတော်ကြီးအတွက် မျှော်မှန်းချက်ကြီးစွာ ဝမ်းသာရခြင်းမျိုး ဖြစ်ပါ သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က '' ယခုလာမည့် မြန်မာ့ သက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်အတွက် ကျွန်မတို့အစိုးရ အနေဖြင့် စုပေါင်း အင်အားကို အလေးထားပြီ နိုင်ငံတော်၏ စိန်ခေါ်မှု ကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်'' ဟု လည်း ကောင်း၊ '' ကျွန်မ တို့လွတ်လပ်ရေးဖခင်ကြီးများရဲ့ အိပ်မက်၊ ကျွန်မတို့ပြည်သူတို့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်း၊ တိုးတက်၊ သာယာတဲ့၊ စစ်မှန်တဲ့  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ကို မနှေးအမြန် စုပေါင်းအင်အားနဲ့ အကောင်အထည်ဖော်နိုင် ကြပါစေ'' ဟုလည်းကောင်း ၁-၄-၂ဝ၁၈ ရက်နေ့၌ မိန့်ကြား သွားခဲ့ပါသည်။
လက်တွေ့ကျကျ တည်ဆောက်ရမည်
ယနေ့ နိုင်ငံတော်သည် အသွင်ကူးပြောင်းရေးကာလ၌ ကြုံတွေ့ရစမြဲဖြစ်သော နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ် အစုံမှ စိန်ခေါ်မှုများအပြင် ပယောဂမျိုးစုံနှင့် ယှဉ်တွဲ ပေါ်ပေါက်လျက်ရှိသော ရခိုင်ပြည်နယ်ကိစ္စကဲ့သို့ ထူးခြား သော အကျပ်အတည်းများကိုလည်း ရင်ဆိုင်ကြုံတွေ့လျက် ရှိသည်မှာ အမှန်ဖြစ်ပါသည်။ ယင်းအခြေအနေများကို ကျော် လွှားနိုင်ရန်အတွက် ပြည်သူတို့၏ ညီညွတ်မှုစွမ်းအားနှင့် စုပေါင်းအင်အားတို့ကို တည်ဆောက်ရန် လိုအပ်လျက်ရှိပါ သည်။ လူတစ်စု၊ တပ်ဖွဲ့၊ အဖွဲ့အစည်းတစ်ရပ်ရပ်၏ အင်အား ထက် ပိုမိုကျယ်ပြန့်သည့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသော အမျိုး သားရေးစွမ်းအားဖြင့်သာ ဖြေရှင်းကျော်လွှားနိုင်မည်ဟု ခံယူ ပြီး အမျိုးသားညီညွတ်မှု၊ အမျိုးသားသင့်မြတ်မှု၊ အမျိုးသား စွမ်းအားတို့ကို ရရှိရန်လက်တွေ့ကျကျ တည်ဆောက်ရမည်  ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ကျွန်တော်တို့ နိုင်ငံ ရင်ဆိုင်နေရသော အခက်အခဲများနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားရာ၌
'' ကျွန်တော်တို့နိုင်ငံသည် အဘက်ဘက်မှလိုအပ်ချက်များ နှင့် ဆင်းရဲနွမ်းပါးဆဲဖြစ်နေသည့်အတွက် ကဏ္ဍအသီးသီးမှ အများကြီး ဆက်လက်ရုန်းကန်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်''ဟု
ရှင်းလင်းမိန့်ကြားထားပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတော် အစိုးရအဖွဲ့၏ ဦးစားပေးရည်မှန်းချက်များအဖြစ် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏  လူမှုစီးပွားရေးဘဝ တိုးတက် မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဖော်ထုတ်သွား ခဲ့ပြီဖြစ်ပါသည်။ ထိုရည်မှန်းချက်များကို အကောင်အထည် ဖော်မည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသည့် ကဏ္ဍအလိုက် လုပ်ငန်းစဉ်များသည် အပြန်အလှန်ဆက်စပ် လျက်ရှိသည့်အပြင် ကဏ္ဍအလိုက် အားထည့်လုပ်ကိုင်ပုံ နည်း စနစ်များကလည်း အချိန်အခါနှင့်အညီ မှန်ကန်ရန်လိုအပ် ပါသည်။
အားရှိရှိလုပ်ကိုင်ကြရန်
ထပ်မံရှင်းလင်းတင်ပြရပါလျှင် လက်တွေ့လုပ်ငန်းဆိုင်ရာ မူအပိုင်းနှင့် လုပ်နည်းလုပ်ဟန်အပိုင်း မှန်ကန်ရန်လိုအပ်သကဲ့ သို့ လူ့စွမ်းအားအရင်းအမြစ်များ၏ လုပ်ရည်ကိုင်ရည် အရည် အသွေးတို့ကလည်း အရေးကြီးပါသည်။ ကဏ္ဍအလိုက် ဦးစီး တာဝန်ခံများက လုပ်ငန်းသဘောနားလည်ရန်နှင့် လက် အောက်ရှိ အဆင့်ဆင့်အင်အားစုများကလည်း ကျွမ်းကျင်မှု၊ စည်းကမ်းရှိမှုတို့ဖြင့် တာဝန်သိသိ အလုပ်လုပ်ကြရန် လိုအပ်ပါ သည်။ ခြုံလိုက်လျှင် နိုင်ငံတော်သစ်ကို  တည်ဆောက်မည့်အဖွဲ့ အစည်း အင်စတီကျူးရှင်းများနှင့် တာဝန်ရှိလူပုဂ္ဂိုလ်အားလုံး သည်တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် ပူးပေါင်းအလုပ်လုပ်ကြရန် အရေးကြီးပါသည်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ လူစွမ်းကောင်းဝါဒမျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကို ရှောင် ရှား၍ မှန်ကန်သော လုပ်ငန်းဆိုင်ရာမူဝါဒများနှင့်အညီ အားလုံး ညှိနှိုင်းပူးပေါင်းပြီး အုံနှင့်ကျင်းဖြင့် အားရှိရှိ လုပ်ကိုင်ကြရန် ဖြစ်ပါသည်။
ယင်းသို့  လုပ်ကိုင်ဆောင်ရွက်ကြရာ၌  ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အခြေခံပြီး ပြည်သူများ၏ ဝိုင်းရံထောက်ခံမှုကို ရယူရမှာ ဖြစ်ပါသည်။
'' ပြည်သူနဲ့အတူဆိုရာမှာ ပြည်သူ့ရဲ့အသံကို နားထောင်ရုံ သာမက ပြည်သူတွေရဲ့ ဆန္ဒသဘာထားတွေကို အလေးအနက်ထား ပြီး စုပေါင်းအင်အားကို တည်ဆောက်ရမှာဖြစ်ပါတယ်'' ဟု နိုင်ငံ တော်သမ္မတ၏ မိန့်ခွန်း၌ပါရှိပြီး ဖြစ်ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း '' ဘယ်လို စီမံ ကိန်းတွေပဲ ချမှတ်ချမှတ်၊ အကောင်အထည်ဖော်ရာမှာ စုပေါင်း လုပ်ဆောင်ခြင်းကသာ၊ အောင်မြင်ခြင်းရဲ့ အဓိကအကြောင်း တရား ဖြစ်ပါလိမ့်မယ်။အစုအဖွဲ့၊ ဂိုဏ်းဂဏစိတ်တွေကို ဖယ်ရှား ပြီး နိုင်ငံနဲ့ပြည်သူ့အကျိုးကို သယ်ပိုးရာမှာ မည်သူကိုမျှ လက်ညှိုး မထိုး - ဘယ်လိုကြီးမား ခက်ခဲတဲ့စိန်ခေါ်မှုပဲဖြစ်ပါစေ၊  ကျော်လွှား နိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါတယ်'' ဟု ဖော်ထုတ်ထောက် ပြထားပြီး ဖြစ်ပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလ
ဤနေရာတွင် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ် ရေးနှင့် လူမှုရေးလုပ်ငန်းကိစ္စတို့နှင့်စပ်လျဉ်း၍ လွတ်လပ်ရေး ကြိုးပမ်မှုကာလ၌ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏မိန့်ခွန်းနှင့် ကြိုးပမ်းမှုများကို ပြန်လည်သတိရစွာ တင်ပြလို ပါသည်။ နောင်၌ ဖဆပလဖြစ်လာမည့် ဖတပလအဖွဲ့ချုပ်ကို ၁၉၄၄ ခုနှစ် သြဂုတ်လအတွင်း စတင်တည်ထောင်မှုနှင့် စပ်လျဉ်း ၍
'' အဲဒီလို အဖွဲ့ချုပ်ကြီး မဖွဲ့ခင်ကတော့၊ ဟိုတစ်စုဒီတစ်စု ကျုပ်တို့ချည်း၊ ကွန်မြူနစ်တွေက ကွန်မြူနစ်တွေချည်း၊ ပြည်သူ့ တော်လှန်ရေးအဖွဲ့က ပြည်သူ့တော်လှန်ရေးအဖွဲ့ချည်း
သက်သက်ဆောင်ရွက်နေကြလို့ ၊ ကျုပ်ကစတင်ပြီး အကြံပေးတဲ့ အတိုင်း အားလုံးစည်းရုံးပြီး တိုက်ကြရအောင်လို့ နှိုးဆော်လို့ ဒီ အဖွဲ့ကြီးဖြစ်ပေါ်လာခဲ့တယ်''ဟု  တိုင်းပြည်၌  တကွဲတပြား စီဖြစ်နေသော ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုနှင့် တော်လှန် ရေး အင်အားစုတို့ကို စည်းလုံးဖြစ်ပေါ်ရသည့် အခြေအနေကို လည်းကောင်း၊ ၁၉၄၅ခုနှစ် သြဂုတ်လအတွင်း နိုင်ငံရေးအဖွဲ့ အသီးသီးမှ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းက
''ဗမာပြည်ရဲ့  အရေးဟာ၊  ဗမာပြည်သူပြည်သားတွေ၊ ညီညွတ်စွာနဲ့ လုပ်တတ်မယ်။ လုပ်မယ်ဆိုရင် အေးအေးဆေးဆေး နဲ့    ပြီးမြောက်ချင်မယ်လို့   ကျွန်တော်ယုံကြည်တယ်။ အခု ကျွန်တော် ပြောနေတာဟာ၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်  ဥက္ကဋ္ဌအနေနဲ့လည်း ဖြစ်တယ်။ တပ်မတော်သေနာပတိအနေနဲ့ လည်း ဖြစ်တယ်။ ဒီအဖွဲ့ကြီး ကြီးပွားတည်တံ့နိုင်အောင် ယခုြ<ွကလာတဲ့ လူကြီးများက အစပြုပြီးတိုင်းပြည်ရဲ့လက်ထဲကို အပ် လိုက်ပါတယ်'' ဟု ပြောကြားရှင်းလင်းလျက် နိုင်ငံရေးအဖွဲ့ အစည်းများ၊ ဝါရင့်နိုင်ငံရေးသမားများ စသည်တို့ကိုဖတပလ အဖွဲ့အတွင်း ဝင်ရောက်လုပ်ကိုင်ရန် တိုင်းပြည်လွတ်လပ်ရေး အတွက် ဖိတ်ခေါ်ခဲ့သည်ကို လည်းကောင်း၊
''ဖတပလအဖွဲ့ချုပ်သည် မည်သည့်ပါတီ၏ မူပိုင်အဖွဲ့မဟုတ် ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးကို အဓိကထား၍ ဖွဲ့စည်းခဲ့ ကြောင်း၊  ဖတပလအဖွဲ့ချုပ်အတွင်းသို့  ဝင်ရောက်လုပ်ကိုင်ပြီး         မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်   မြန်မာပြည်သူလူထုကောင်း စားရေးကို  ဆောင်ရွက်ကြရန်ဖြစ်ကြောင်း''
၂၉-၈-၁၉၄၅  ရက်နေ့  နေသူရိန်ညီလာခံ၌  ဗိုလ်ချုပ် အောင်ဆန်း မိန့်ကြားခဲ့သည်ကို လည်းကောင်း၊ သမိုင်းဝင် မှတ်တမ်းများအဖြစ် မှတ်တမ်းပြုခဲ့ပြီး ဖြစ်ပါသည်။
အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့
ဤသို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဖတပလ အဖွဲ့ချုပ် ကို အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြသော ပါတီ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်စသည်တို့ ပါဝင်သော အမျိုးသားတပ် ပေါင်းစုကြီးအဖြစ် အောင်မြင်စွာတည်ဆောက်ခဲ့ပါသည်။  ပါတီ ပေါင်းစုံစုဝေးရာ  ညီညွတ်ရေးတပ်ဦးကြီး  ဖြစ်လာခဲ့ပါသည်။ ၁၉၄၆ ခုနှစ်  ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော ဖဆပလ ညီလာခံ၌ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် (ဖဆပလ)ဟု တရားဝင်အမည်ခံခဲ့ပါသည်။ ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုသည့် နိုင်ငံရေးတပ်ဦးအဖွဲ့အစည်း ကြီးအဖြစ် ရပ်တည်လာခဲ့ပြီး လွတ်လပ်ရေးဆိုသည့် သမိုင်း ပေးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါသည်။
ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေသည် ထိုလွတ်လပ်ရေး ကြိုးပမ်းမှုကာလ နိုင်ငံရေးအခြေအနေများနှင့်မတူ ကွဲပြား ခြားနားနေပြီ ဖြစ်ပါသည်။ ယခင်က ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေးတို့အတွက် ထိုစဉ် ထိုကာလရှိ ခေါင်းဆောင်များက အမြော်အမြင်ရှိရှိ          စုပေါင်းအားထုတ်လုပ်ကိုင်ခဲ့ကြပါသည်။ ယခုအချိန်ကာလ များ၌ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ  ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆို  သည့် သိမ်မွေ့ရှုပ်ထွေးသောလုပ်ငန်းစဉ်များကို ပြည်သူတို့၏စုပေါင်းအင်အားဖြင့် တည်ဆောက်ရန် လက်ရှိတာဝန်ရှိကြ သော နိုင်ငံ့ခေါင်းဆောင်များက ယခု တပ်လှန့်နှိုးဆော်လာ ပြီဖြစ်ပါသည်။
ဒီမိုကရေစီ  အသွင်ကူးပြောင်းရေးကာလဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၌ ဒီမိုကရေစီရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ဈေးကွက်စီးပွားရေးတို့အတွက် နိုင်ငံရေးပါတီ ပေါင်း ၉၅ ပါတီခန့် ဖွဲ့စည်းလှုပ်ရှားလျက်ရှိကြပါသည်။ နောက် ထပ်တိုးမည့် ပါတီများလည်းရှိနေသည်ဟု သိရှိရသဖြင့် နိုင်ငံ ရေးပါတီ ပေါင်းရာဂဏန်းဖြစ်သွားနိုင်ပါသည်။ ထိုသို့ ပါတီများ ကိုကြည့်မည်ဆိုပါက ဒီမိုကရေစီရေး ၊ တိုင်းရင်းသားရေး၊ ဈေး ကွက်စီးပွားရေးတို့အတွက် ရည်ရွယ်ချက်ကောင်းများ အသီးသီး ရှိကြသည့် ပါတီများချည်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဖြစ်ရာ တူညီသော ရည်ရွယ်ချက်များအတွက် တကွဲတပြားစီ ဆောင် ရွက်မနေဘဲ တူတူညီညီစုပေါင်းဆောင်ရွက်နိုင်ရန်  နိုင်ငံရေး ပါတီများက ဦးစီးဦးဆောင်နည်းလမ်းရှာ၍ ကြိုးပမ်းသင့်သည်ဟု သုံးသပ်မိပါသည်။
အကောင်အထည်ဖော်ဆောင်နိုင်မည်
ပါတီဟုဆိုသည့်နေရာ၌ ပါတီကြီးနှင့် ပါတီငယ်၊ တစ်နိုင်ငံ လုံးကို လွှမ်းခြုံသောပါတီနှင့် ဒေသအလိုက်ပါတီများ၊ တိုင်းရင်း သားလူမျိုးပါတီများဟူ၍ ရှိကြသည်ဖြစ်ရာ၊ တစ်မျိုးသားလုံး၏အရေးအရာများကို ဆောင်ရွက်သည့်အခါ ပါတီတစ်ခုတည်း အင်အားဖြင့်သာ ပြီးမြောက်အောင် ဆောင်ရွက်မည်ဆိုသည့် ခံယူချက်မျိုးထက် အမျိုးသားတပ်ဦးပုံသ္ဌာန်မျိုး ဖော်ဆောင် လျက် ပါတီကြီး၊ ပါတီငယ်အပြင်  ဝါရင့်နိုင်ငံရေးသမားများ ပေါင်းစုံစုစည်းပြီး စုပေါင်းအင်အားဖြင့်သာ ဆောင်ရွက်မှသာ ပြည်သူ၏အင်အားကို ကျယ်ပြန့်စွာ စည်းရုံးရယူနိုင်မည်ဟု စဉ်းစားမိပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး သို့မဟုတ် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကြီးကိုလည်း ထိရောက်ကျယ်ပြန့် စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟုလည်း စဉ်းစား မိပါသည်။
ဤသည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖော်òန်း သည့် ''စုပေါင်းအင်အား'' ကို  လက်တွေ့ကျကျအကောင် အထည်ဖော်သင့်သော နိုင်ငံရေးဖွဲ့စည်းမှုပုံသ္ဌာန်တစ်ခုကို ဝိုင်းဝန်းစဉ်းစားပုံဖော်နိုင်ရန် ရိုးသားစွာ  လေ့လာသုံးသပ်တင်ပြ ခြင်း ဖြစ်ပါသည်။      ။

ဇော်မြင့်ဖေ(မြန်​မာ့အလင်း)

No comments:

Post a Comment