Latest News

Tuesday, May 8, 2018

ရေကြည်​မြို့ တွင်​အမျိုးသမီးနှစ်ဦးယာဉ်တိုက်မိ ၍သေဆုံး


ရေကြည်​မြို့ တွင်​အမျိုးသမီးနှစ်ဦးယာဉ်တိုက်မိ ၍သေဆုံး


ရေကြည်​ မေ   ၈

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နယ် တွတ်ပလွတ်ကျေးရွာအုပ်စု ပျဉ်းကတိုးကုန်းကျေးရွာ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်တွင်မေလ ၈ ရက်နေ့ မနက် ၅ နာရီအချိန်ခန့် ကဈေးရောင်းသွားသူအမျိုးသမီးနှစ်ဦး ယာဉ်တိုက်မိ၍သေဆုံးသွားကြောင်းသိရသည်။

         ဖြစ်စဉ်မှာရေကြည်မြိုမ့ရဲစခန်း၌ရဲအုပ်ဝင်းနိင်တာဝန်မူးဆောင်ရွက်နေစဉ် ယာဉ်တိုက်မူဖြစ်ပွားကြောင်းသတင်းအရသက်သေများနှင့်အတူသွားရောက်စစ်ဆေးရာရေကြည်မြို့ နယ်ပုသိမ်-မုံရွာသွားကားလမ်းမိုင်တိုင်အမှတ်(၅၀/၃)နှင့် ၄အကြားအသုတ်မြို့ ဘက်မှရေကြည်မြို့  ဘက်သို့ အမည်မသိယာဉ်မောင်း မောင်းနှင်လာသောYGN  8F-----နံပါတ်ပါ Toyota YOWNACE အမျိုးအစားအဖြူရောင်ယာဉ်မှာရှေ့မှလမ်းလျောက်ရင်းကုန်စိမ်းရောင်းသွားနေသူတွတ်ပလွတ်ကျေးရွာအုပ်စု ကျီးတောအိုင်ကျေးရွာနေဒေါ်ခင်နွဲ့(၅၆)နှစ်နှင့်မဝေဝေအောင်(၂၈)နှစ်နှစ်ဦးတို့အားဝင်ရောက်တိုက်မိသဖြင့်ပြင်းထန်ဒဏ်ရာများရရှိ၍အခင်းဖြစ်နေရာ၌ပင်သေဆုံးသွားကြောင်းစစ်ဆေးတွေ့ ရှိရပြီးယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

           သို့ပါ၍လူအသက်သေအောင်မဆင်မခြင်မောင်းနှင်ပြီးထွက်ပြေးတိမ်းရှောင်နေသူယာဉ်မောင်းအားရေကြည်မြို့ မ ရဲစခန်းက အမူဖွင့်ကာ ထွက်ပြေးယာဉ်မောင်းအားဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

နေလင်း(ညောင်လေးပင်)

No comments:

Post a Comment