Latest News

Tuesday, May 8, 2018

ကာဒစ်ဖ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်လာ

ကာဒစ်ဖ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်လာ

ကာဒစ်ဖ် မေ ၇

အင်္ဂလန် ချန်ပီယံရှစ်ပွဲစဉ်များ ယမန်နေ့ညက ယှဉ်ပြိုင်ကစားပြီးရာ ဝေးလ်အခြေစိုက် ကာဒစ်ဖ်အသင်းသည် သရေပွဲသာ ကစားနိုင်ခဲ့သော်လည်း အဓိကပြိုင်ဘက် ဖူလ်ဟမ် အသင်းသည် ဘာမင်ဂမ်အား ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အဆင့်(၂) နေရာကို သေချာပေါက်ရရှိခဲ့ပြီဖြစ်၍ ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက် လာနိုင်ပြီဖြစ်သည်။

ကာဒစ်ဖ်အသင်းသည် ရီးဒင်းနှင့်ကစားရာ ဂိုးမရှိ သရေကျခဲ့သော်လည်း ဖူလ်ဟမ်ကို နှစ်မှတ်ဖြတ်နိုင်ခဲ့၍ အဆင့် (၂) နေရာဖြင့် တိုက်ရိုက် တန်းတက်နိုင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန် ချန်ပီယံရှစ် ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ နောက်ဆုံးတန်းတက် တစ်နေရာအတွက် ဖူလ်ဟမ်၊ ဗီလာ၊ မစ်ဒယ်ဘရော့နှင့် ဒါဘီအသင်းတို့ ပလေးအော့ဖ်ကစား ကြရမည်ဖြစ် သည်။

အင်္ဂလန် ချန်ပီယံရှစ်တွင် ဝုဗ်အ သင်းမှာချန်ပီယံအဖြစ်နှင့် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ပြီး ကာဒစ်ဖ်မှာ အဆင့် (၂)နေရာဖြင့် တန်းတက် လာနိုင်ခြင်းဖြစ်သည်။

MWD

No comments:

Post a Comment