စစ်ကျန်ဗုံးသီးဟောင်း (၁) လုံးတွေ့ရှိ
မြင်းခြံ ၊ မေ - ၈
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ အမှတ် (၁) ရပ်ကွက်တွင် ဆောက်လုပ်လျှက်ရှိသော အိုးအိမ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးနေရာတွင် မေလ (၈) ရက်နေ့က ဗုံးသီးဟောင်း (၁)လုံးတွေ့ရှိကြောင်း သိရှိရသည် ။
အိုးအိမ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် မေလ (၈) ရက်နေ့ နံနက်ခင်းအချိန်တွင် မြေကျင်းတူးလုပ်သား ကိုကျော်ဌေး(ခ)ကျော်သက်ထွေးသည် မြေကျင်းတူးနေစဉ် မြေကြီးထဲမှ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိခဲ့သဖြင့် ဆောက်လုပ်ရေးတာဝန်ရှိသူများမှ သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်အ ကြောင်းကြားခဲ့ရာ မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဝင်း ၊ မြင်းခြံမြို့မရဲစခန်းမှူး ဒုရဲမှူးသက်ညွန့် ၊ မြင်းခြံ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်နိုင်ဝင်းထွန်း၊ဒုရဲအုပ် ကျော်စိုးဝင်းတို့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ တွေ့ရှိခဲ့သော ဗုံးသီးဟောင်းအား ခမရ(၁၅)တပ်မှ တပ်ကြပ်ကြီး ကျော်ဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည် ။ အဆိုပါ ဗုံးသီးဟောင်းမှာ အလျား (၁၅) လက်မခန့် ၊ လုံးပတ် (၁၀) ခန့်ရှိ စစ်ကျန် 81 mm Mortar Shell ဗုံးသီးဟောင်း (၁) လုံးဖြစ်ကြောင်း သိရှိရသည် ။
ဦးဇော်မင်းနိုင် ( မြင်းခြံ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment