Latest News

Sunday, May 20, 2018

မန်စီးတီးအသင်း နည်းပြဂွါဒီယိုလာကို နှစ်နှစ်စာချုပ်သက် တမ်းတိုး

မန်စီးတီးအသင်း နည်းပြဂွါဒီယိုလာကို နှစ်နှစ်စာချုပ်သက် တမ်းတိုး
 
မန်ချက်စတာ မေ ၁၉

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်းအား စံချိန်၁၂ ခုဖြင့် အမှတ်ပေး ချန်ပီယံ ဖြစ်စေခဲ့သော နည်းပြ ဂွါဒီယိုလာကို ယမန်နေ့က အသင်း၌ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် အထိ ဆက်ရှိစေမည့် နှစ်နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်သည်။

အဆိုပါ စာချုပ်သက်တမ်း မတိုးမီ ဂွါဒီယိုလာနှင့် မန်စီးတီး အသင်းတို့ စာချုပ်သက်တမ်းမှာ ၁၂ လသာ ကျန်ရှိတော့ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းကြောင့် ပျော်ရွှင် ကျေနပ်မိကြောင်း ဂွါဒီယိုလာက ပြောသည်။

မန်စီးတီး အသင်းသည် ပြီးခဲ့သည့် ရာသီတွင် ပရီးမီးယားလိဂ်နှင့် ကာရာဘာအို ဖလားနှစ်လုံးစလုံး ရရှိနိုင်ပြီး အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ရာ ရမှတ်အများဆုံး၊ နိုင်ပွဲအများဆုံး၊ သွင်းဂိုး အများဆုံး စံချိန်များလည်း တင်ရှိနိုင်ခဲ့ခြင်းကြောင့် ဂွါဒီယိုလာကို စာချုပ်တိုး နိုင်ခဲ့ခြင်းမှာ သတင်းကောင်း ဖြစ်ခဲ့သည်။

ဂွါဒီယိုလာက ယခင် ဘာစီလိုနာနှင့် ဘိုင်ယန် အသင်းများတွင်ထက် သက်တမ်းပိုကြာစွာဖြင့် မန်စီးတီးတွင် နည်းပြခွင့်ရတော့မည် ဖြစ်ခြင်းသည်။ စာချုပ်သစ်အရ ယခင်တစ်နှစ်လစာပေါင် ၁၅ သန်းမှ ပေါင်သန်း ၂ဝ အထိ ရနိုင်ခဲ့သည်ဟု သတင်းများက ဖော်ပြနေသည်။

MWD

No comments:

Post a Comment