Latest News

Monday, May 7, 2018

တာချီလိတ် မြို့နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ် မြို့နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ ဓမ္မသီရိ ဆေးရုံကြီးရှေ့၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းစဉ် မေ ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် လီဆီး(ဘ) ဦးလီပို့ မောင်းနှင်ပြီး ဂျော်နီ(ဘ) ဦးအားဂူနှင့် အားဆော်(ဘ) ဦးလီထူတို့ လိုက်ပါလာသော Mark-II အမျိုးအစား ယာဉ်အမှတ်၊ SHN-3H/-----အား ရပ်တန့်စစ်ဆေး ရှာဖွေစဉ် ယာဉ်မောင်းဖြစ်သူ လီဆီးသည် ထွက်ပြေးသွားခဲ့ပြီး ယာဉ်နောက်ခန်း၌ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း၆ဝဝ) အား ဂျော်နီနှင့် အားဆော် နှစ်ဦးတို့နှင့် အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး တာချီလိတ်မြို့မ ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် မူးယစ်ဆေးဝါး များနှင့်ဆက်စပ်သူ လီဆီးအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

MWD

No comments:

Post a Comment