Latest News

Monday, May 7, 2018

ဟင်္သာတခရိုင်နှင့် ပြည်ခရိုင်အတွင်းရှိ လမ်းတံတားလုပ်ငန်းများ ဒုတိယဝန်ကြီး ဦးကျော်လင်း စစ်ဆေး

ဟင်္သာတခရိုင်နှင့် ပြည်ခရိုင်အတွင်းရှိ လမ်းတံတားလုပ်ငန်းများ ဒုတိယဝန်ကြီး ဦးကျော်လင်း စစ်ဆေး

နေပြည်တော်   မေ   ၇

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဦးကျော်လင်းသည် မေ ၅  ရက် တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင်အတွင်းရှိ ကြိမ်ပင်ဆည်- စက္ကော့-ဓနုဖြူ- ဇလွန်-  ဟင်္သာတလမ်းမိုင် ၁ဝ/ ၅ မှ ၃၇/၂ အတွင်း JICAအစီအစဉ်ဖြင့် ကတ္တရာကွန်ကရစ် (AC)   လမ်းခင်းထား သောအပိုင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်းမွန်သော ကတ္တရာကွန်ကရစ်လမ်း ကို  ဆက်လက်ထိန်းသိမ်းရန်အတွက် လမ်းသားအက်ကွဲမှု၊ လမ်းပေါက်များရှိပါ ကချက်ချင်းဆောင်ရွက်ရန်နှင့် Routine and Period Maintenance ကို စဉ် ဆက်မပြတ် စနစ်တကျ ဆောင်ရွက်သွား ရန် မှာကြားသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မေ ၆ ရက်တွင် ဟင်္သာတ- ဆုံကုန်း- မြန်အောင် လမ်းနှင့် ယင်းလမ်းပေါ်ရှိ ငဝန်မြစ်ကူး တံတား (မြို့ကွင်း)၏ တံတားကြံ့ခိုင်မှု အခြေအနေနှင့်    ငဝန်မြစ်ရေလမ်း ကြောင်း  ပြောင်းလဲမှုကြောင့် ချောက်ရွာ ဘက်ခြမ်း  ချဉ်းကပ်တံတားတိုင်များ ရေတိုက်စားနေမှုနှင့်   ရေထိန်းနံရံများ တည်ဆောက်ထားသော အခြေအနေ များကိုကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး က ငဝန်မြစ်ကူးတံတား  (မြို့ကွင်း)တွင်           ချောက်ရွာဘက်ခြမ်း ချဉ်းကပ်တံတား တိုင်များ ၊ ရေတိုက်စားနေမှုသည် တံတား အ္တရာယ်ရှိသဖြင့် ရေအရင်းမြစ်နှင့်  မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျွမ်းကျင်ပညာရှင်များနှင့်  ညှိနှိုင်း          တိုင်ပင်ပြီး  ရေတိုက်စားမှုကို ကာကွယ် ထားရန်နှင့် ရေလမ်းကြောင်းဖြောင့်ပေး ရန် မှာကြားသည်။ ဆက်လက်၍ ပုသိမ်-မုံရွာလမ်း(ဘက်ရဲ-ဥသျှစ်ပင်အပိုင်း)နှင့် ပြည်- ဥသျှစ်ပင်လမ်းတို့အား   ကြည့်ရှု စစ်ဆေးရာ  ဘက်ရဲ-  ဥသျှစ်ပင်လမ်းပိုင်း တွင်  လှိုင်းများသော  အပိုင်းများအား အနိမ့်အမြင့် ဖြေညှိပေးရန်၊ ပြည်- ဥသျှစ် ပင်အပိုင်းရှိတံတားများ အဝင်အထွက် များအဆင်ပြေစေရန်အတွက်  တံတား အတက်အဆင်းဖြေညှိပေးရန်  မှာကြား သည်။

ထို့နောက်ဧရာဝတီတံတား(နဝဒေး) တံတား၏ ကြံ့ခိုင်မှုနှင့် ရေလမ်းကြောင်း အခြေအနေများကို      လည်းကောင်း ကြည့်ရှုစစ်ဆေးရာ   ဧရာဝတီတံတား (နဝဒေး)၏ ရေလယ်တိုင်များအားSco- uring  ဖြစ်မဖြစ် စောင့်ကြည့်ရန်၊ Bear- ing နှင့်  Bolts and Netများအား  ပုံမှန်ကြည့်ရှုစစ်ဆေးသွားရန်၊ တံတားပေါ် သန့်ရှင်းရေးဆောင်ရွက်ရန်  မှာကြား သည်။ ယင်းနောက် ပြည်- အောင်လံ- တောင်တွင်းကြီးအပိုင်း မိုင် ၁၈၂/၅ ရှိ BOTကုမ္ပဏီToll Gate တွင် လမ်း အသုံးပြုခကောက်ခံနေမှုနှင့် ၄င်းလမ်းမိုင် ၁/၁၈၅ နတ်တလင်းတံတား ချဉ်းကပ် လမ်းကတ္တရာခင်းနေမှုအခြေအနေများ ကိုကြည့်ရှုစစ်ဆေးခဲ့ပြီးBOT ကုမ္ပဏီToll Gate ဝန်ထမ်းများအနေဖြင့် ခရီး သွား ပြည်သူများအား ယဉ်ကျေးပျူငှာ စွာဆက်ဆံပြောဆိုရန်နှင့်  စနစ်တကျ ဝတ်စားဆင်ယင်ထားကြရန် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်

No comments:

Post a Comment