Latest News

Monday, May 21, 2018

ဝဲလ်တာ ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအတွက် ပက်ကွီအို လေ့ကျင့်၊ အနားယူရမည့် အချိန် နီးကပ်လာပြီဖြစ်ကြောင်း မတ်သစ်ဆီနှင့် ပွဲမတိုင်မီ ဖွင့်ဟ

ဝဲလ်တာ ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအတွက် ပက်ကွီအို လေ့ကျင့်၊
အနားယူရမည့် အချိန် နီးကပ်လာပြီဖြစ်ကြောင်း မတ်သစ်ဆီနှင့် ပွဲမတိုင်မီ ဖွင့်ဟ

မနီလာ မေ ၂ဝ

ဝိတ်တန်းရှစ်တန်း ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုသည် လူးကပ်စ်မာတင်မတ် သစ်ဆီ နှင့် ယှဉ်ပြိုင်ရမည့် ဒဗလျူဘီအေ ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲအတွက် ကြိုတင်လေ့ကျင့် ပြင် ဆင်မှုကို မေ ၁၈ ရက်ကစတင်ကာ မနီလာမြို့ လက်ဝှေ့ အားကစားခန်းမ၌ နှစ်ပတ်စောပြီး ပြန်လည် လေ့ ကျင့်ခဲ့သည်။

ပက်ကွီ အိုသည် ပြီးခဲ့တဲ့နှစ်က သြစတြေးလျသား ဂျက်ဖ်ဟွန်းကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ် နောက်ပိုင်း ပထမဆုံးပြန်လည် ယှဉ်ပြိုင်ခြင်းအဖြစ် ဇူလိုင်လအတွင်း အာဂျင်တီးနား လက်ဝှေ့ သမား မတ်သစ်ဆီနှင့် ယှဉ်ပြိုင်ရန်ရှိနေရာ အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်ခြင်းကြောင့် သက်လုံနှင့် ကာယပိုင်း၊ လျင်မြန်မှုအပိုင်း ပြန်လည်ကောင်းမွန်လာစေရန် သတ် မှတ်ရက်ထက် နှစ်ပတ်စောပြီး စခန်းသွင်း လေ့ကျင့်မှုကို ပြန်လုပ်ခဲ့ခြင်း ဖြစ်သည်။

လေ့ကျင့်ခန်း အစီအစဉ်များကို ငယ်သူငယ်ချင်းလည်းဖြစ်၊ လက်ထောက်နည်းပြ အဖြစ်လည်း နှစ်ပေါင်းများစွာ လုပ်ပေးခဲ့သည့် ဘူဘွိုင်းဖာနန်ဒက်ဇ်နှင့် အတူ လေ့ကျင့်နေခဲ့ သည့် ပက်ကွီအိုက ၂၃ နှစ်တာ ကျင်လည် ခဲ့သည့် မိမိ၏လက်ဝှေ့ သမားဘဝသည် အဆုံးသတ်ချိန် နီးကပ်လာပြီ ဖြစ်သော်လည်း မိမိရခဲ့ဖူးသည့် ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန် ရည်မှန်းချက် ထားရှိဆဲဖြစ်ကြောင်း ထုတ်ဖော် ပြောသည်။

ပက်ကွီအိုကို ပြီးခဲ့သည့် ကိုးနှစ်အတွင်း မည်သည့်ပြိုင်ဘက်ကမှ ဝယ်လ်တာ ဝိတ်တန်း၌ အနိုင်ရ ခဲ့ဖူးခြင်းမရှိရာ ၎င်းက ''မတ်သစ်ဆီနဲ့ပွဲက ကျွန်တော့်အတွက် နောက်ဆုံးပွဲလို့တော့ ပြောလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပွဲက ရှေ့ဆက်ယှဉ်ပြိုင်မလား၊ ရပ်နားမလားဆိုတာကို ဆုံးဖြတ်ရမယ့် အခြေခံကျမှုတွေကို သိရမယ့်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့နဲ့ ပွဲမှာအကောင်းဆုံး ယှဉ်ပြို င်နိုင်အောင် အစွမ်းကုန် လေ့ကျင့်ပြင်ဆင်သွားမှာပါ။ ကျွန်တော် ဒီလောကမှာ ဆက်ရှိ၊ မရှိဆိုတာကို ပြသရမယ့်ပွဲလည်း ဖြစ်ပါတယ်။ မတ်သစ်ဆီက တော်တော့်ကို ကြမ်း တမ်းပြီး တိုက်ရဲခိုက်ရဲတဲ့ဖိုက်တာ ဖြစ်ပါတယ်။ သူ့ကိုကျွန်တော် ပူပန်မှုမရှိပါဘူး။ ကျွန်တော် ပူပန်နေရတာက ကိုယ့်ရဲ့အစွမ်းရာနှုန်း ပြည့်မရ နိုင်မှာကိုပါ။ သက်လုံ၊ ခွန်အား၊ ၁၂ ချီအပြည့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှုစတာတွေ မလုပ်နိုင်မှာကို ပူပန်မိ တာပါ။ ငယ်ရွယ်တဲ့ ပက်ကွီအိုတုန်းက လက်သီးတွေ အများကြီး ထိုးနိုင်ခဲ့တယ်။ ခြေထောက် ရွေ့လျား မှုလည်း အများကြီးလုပ်နိုင်ခဲ့တယ်။ ခေါင်းယိမ်းရှောင်တိမ်း နိုင်မှုတွေလည်း အများကြီး လုပ်နိုင်ခဲ့တယ်။ မတ်သစ်ဆီနဲ့ပွဲမှာ ကျွန်တော် ဒီလိုတွေ ပြန်စွမ်းဆောင်နိုင်ဖို့ အရေးကသာ လက်ရှိ ကျွန်တော့်ရဲ့ ရည်မှန်းချက် ဖြစ်နေပါတယ်''ဟု ပြောသည်။

MWD

No comments:

Post a Comment