Latest News

Monday, May 21, 2018

ဘိုင်ယန်ကို နည်းပြ မလုပ်မီ ဘိုင်ယန်၏ ဖလားနှစ်လုံး အိပ်မက် နီကိုကိုဗက် ဖျက်ဆီး

ဘိုင်ယန်ကို နည်းပြ မလုပ်မီ ဘိုင်ယန်၏ ဖလားနှစ်လုံး အိပ်မက် နီကိုကိုဗက် ဖျက်ဆီး

ဘာလင် မေ ၂ဝ

ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲအဖြစ် ယမန်နေ့က ဘိုင်ယန်နှင့် ဖရန့်ဖတ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဖရန့်ဖတ် အသင်းက ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ထိုပွဲမှာ ဘိုင်ယန်နည်းပြ ဟေးနက်စ်အတွက် အသင်းကိုနောက်ဆုံးနည်းပြသည့် နှုတ်ဆက်ပွဲဖြစ်ပြီး လာမည့်ရာသီတွင် လက်ရှိ ဖရန့်ဖတ်နည်းပြ နီကိုကို ဗက်က ဘိုင်ယန်ကို နည်းပြ မည်ဖြစ်ရာ ကိုဗက်သည် ဘိုင်ယန်၏ အမှတ်ပေးချန်ပီယံ (ခြောက်ရာသီဆက်)နှင့် ပိုကယ်ဖလား ချန်ပီယံဆုဖလားနှစ်လုံး သိမ်းပိုက်နိုင်ရေး အိပ်မက်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ထိုပွဲအစတွင် ဘိုင်ယန်အတွက် လီဝန်ဒေါစကီးကန်ချက် ဘားတန်းထိ ထွက်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်တွင် အန်တီ ရီဘစ်က ဖရန့်ဖတ်အတွက် အဖွင့်ဂိုးသွင်း သွားနိုင်ခဲ့သည်။

ပွဲချိန် ၅၃ မိနစ်တွင် လီဝန်ဒေါစကီးက ချေပဂိုး သွင်းခဲ့သော်လည်း ထိုပွဲတွင် ဗီဒီယိုဒိုင်အကူစနစ်ဖြင့် ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင်မှ ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ရာ ဖရန့်ဖတ်ဘက်မှ အသာရစေသည့် ဆုံးဖြတ်ချက်များ ရှိနေခြင်းကြောင့် ဖရန့်ဖတ် အနိုင်ရခဲ့ပြီး နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးသော ချန်ပီယံဆုဖလားတစ်လုံးကို ရရှိသွားသည်။

MWD

No comments:

Post a Comment