Latest News

Thursday, May 17, 2018

နျူကလီးယား လက်နက် စွန့်လွှတ်ရေးကိုသာ မရမက တောင်းဆိုနေပါက ထရမ့်-ကင်းဂျုံအွန် ထိပ်သီးဆွေး နွေးပွဲကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

နျူကလီးယား လက်နက် စွန့်လွှတ်ရေးကိုသာ မရမက တောင်းဆိုနေပါက ထရမ့်-ကင်းဂျုံအွန် ထိပ်သီးဆွေး နွေးပွဲကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ဆိုး မေ ၁၆

အမေရိကန်အစိုးရသည် မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား လက်နက်စွန့်လွှတ်ရေးကိုသာ မရမက တောင်းဆိုနေပါက ဇွန်၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် ထရမ့်-ကင်ဂျုံအွန် ထိပ်သီး ဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယား အစိုးရက မေ ၁၆ ရက်တွင် ခြိမ်းခြောက် ပြောဆို လိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ အနေဖြင့် မြောက်ကိုရီးယားကို ချောင်ပိတ်၍ နျူကလီးယား လက် နက်များစွန့်လွှတ်ရေးကိုသာ တောင်းဆိုနေပါက ကျင်းပရန်စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲကို စိတ်ဝင်စား တော့မည်မဟုတ်ကြောင်းနှင့် ဆွေးနွေးပွဲကို ဖျက်သိမ်းရန်အထိ ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကင်ကေးဂွမ်၏ ပြောဆိုချက်ကို KCNA သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် မြောက်ကိုရီးယား၏ ပြည့်စုံသော၊ စိစစ်အတည်ပြုနိုင်သောနှင့် မူလအခြေအနေသို့ ပြန်မရောက်နိုင်သော နျူကလီးယားကင်းစင်ရေးအတွက် အတင်းအကျပ် ဖိအားပေးနေသော်လည်း အရေး ယူပိတ်ဆို့မှုများကိုသာ အရင်ဆုံးဖယ်ရှားပေးရမည်ဟူသော စကားကို မြောက်ကိုရီးယား အစိုးရကပြော သည်။

သို့သော် မြောက်ကိုရီးယား အနေဖြင့် မည်ကဲ့သို့လိုက်လျော အလျှော့ပေးမှု လုပ်ဆောင်မည် ဆိုသည်ကိုမူလူသိရှင်ကြား ထုတ်ပြန်ထားခြင်းမရှိပေ။ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေး ဆောင်ရွက်သွားမည် ဟူသော မြောက်ကိုရီးယားအစိုးရ၏ သဘောထားကို ဖော်ပြပြီးဖြစ်ကြောင်း၊ တစ်ဖက်က လည်းအမေရိကန် အနေဖြင့် မြောက်ကိုရီးယားအပေါ် ရန်လိုသောမူဝါဒနှင့် နျူကလီးယား ခြိမ်းခြောက်မှုများ အဆုံးသတ်ရန် အကြိမ်ကြိမ် တောင်းဆိုထားကြောင်း ကင်ကေးဂွမ်က ပြောသည်။

ထို့ပြင် အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘော်တန်က မြောက်ကိုရီးယား၏ နျူကလီးယား ကင်းစင်ရေးကို လစ်ဗျားပုံစံကဲ့သို့ ပြောဆိုခြင်းကိုလည်း မြောက်ကိုရီးယားက မကျေနပ်ကြောင်း ကင်ကေး ဂွမ်ကဆက်ပြောသည်။ လစ်ဗျားခေါင်းဆောင် မူအမ်မာဂဒါဖီသည် ၎င်း၏နျူကလီးယား အစီအစဉ်ကို စွန့် လွှတ်ပြီးနောက် NATO တပ်ဖွဲ့က ဗုံးကြဲမှုဖြင့် ထောက်ပံ့ပေးထားသည့် ပုန်ကန်ထကြွမှုတွင် အသတ်ခံခဲ့ ရခြင်းဖြစ်သည်။

အမေရိကန်၏ ပြုမူလုပ်ဆောင်မှုကို သည်းမခံနိုင်ကြောင်းနှင့် အမေရိကန်သည် ဆွေးနွေးညှိနှိုင်းမှုဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အမှန်တကယ်တိုးမြှင့်လိုခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ မြောက်ကိုရီးယား အစိုးရက သံသယရှိလာပြီ ဖြစ်ကြောင်း ကင်ကေးဂွမ်ကဆိုသည်။ မြောက်ကိုရီးယား အစိုးရသည် ယခုနှစ်စမှစ၍ သဘောထားပျော့ပျောင်း လာခြင်းဖြစ်ပြီး တောင် ကိုရီးယားနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ကနဦးတည် ဆောက်ခဲ့သည်။ ထို့နောက် ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်တွင်ကျင်းပခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေး လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယား ကထပ်လောင်း ကတိပြုခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမှုကိုမူ ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ပြုလုပ်ရန်စီစဉ်ထားသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ဆက်ဆံ ရေးတိုးတက်လာသော်လည်း နျူကလီးယား လက် နက်များကို အလုံးစုံစွန့်လွှတ်မှသာ ယင်းနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု အမေရိကန် အစိုးရက ပြောထားကြောင်း သိရသည်။

MWD

No comments:

Post a Comment