လေ့ကျင့်နေကြောင်း အောင်လအန်ဆန် ဖွင့်ဟ
ရန်ကုန် မေ ၁၆
ဇူလိုင်လတွင်ယှဉ်ပြိုင်မည့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲအတွက် စိန်ခေါ်သူ လီအန်ဒရိုနှင့် ပတ်သက်ပြီး နည်းစနစ်ပိုင်း ပြောင်းလဲလေ့ကျင့်မှု ပြုလုပ်နေကြောင်း အောင် လအန်ဆန်က ပြောသည်။
အဆိုပါ ချန်ပီယံကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ''လီအန်ဒရိုနဲ့ ကျွန်တော်က နည်းစနစ်ပိုင်း တူညီမှုရှိပါတယ်။ လက်သီးထိုးချက်နဲ့ ပြိုင်ဘက် အပေါ် ချဉ်းကပ်ပုံကလည်း တူ ညီပါတယ်။ ပွဲသိမ်းတဲ့ပုံစံအထိ တူညီနေပါတယ်။ အခု ကျွန်တော် နည်းစနစ်ပိုင်းကို ပြန်လည် သုံးသပ်နေတယ်။ ကစားပုံတူနေတဲ့ပြိုင်ဘက်နဲ့ ဆုံရမှာဖြစ် လို့ အမှားခံလို့မရပါဘူး။ ချန်ပီယံဆုကို အကောင်းဆုံး ကာကွယ်မှာပါ''ဟု အောင်လအန်ဆန်ကပြောသည်။
အောင်လအန်ဆန်သည် ONE Championship၏ မတူညီသည့်ဝိတ်တန်းနှစ်ခု ချန်ပီယံဆုကို သိမ်း ပိုက်နိုင်ခဲ့သူဖြစ်ပြီး ယင်းချန်ပီယံဆု များကို မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်ကာ ရရှိထားသူဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း ချန်ပီယံဆုကို ကာကွယ် နိုင်မည်ဟု ယုံကြည်ကြောင်း သိရသည်။
MWD
No comments:
Post a Comment