ရန်ကုန် မေ ၁၆
မြန်မာ့လက်ရွေးစင် အသင်းသည် တရုတ်ဘောလုံး အဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၌ တရုတ် လက်ရွေးစင်အသင်းနှင့် မေ ၂၆ ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ေ ကြာင်း သိရသည်။ ယင်းခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်သစ် အန်တွမ်နီဟေး၏ ပထမဆုံး နိုင်ငံတကာ ပွဲဖြစ်လာမည်ဖြစ်ပြီး ပြင်ဆင်ချိန် အနည်းငယ်သာ ရရှိမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အသင်းကို တရုတ် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲအတွက် မေ ၂၁ ရက်တွင် ဖွဲ့စည်းမည်ဖြစ်ပြီး မေ ၁၁ ရက်က အင်္ဂလန် လိဂ်ချန်ပီယံရှစ် ကလပ်လိဒ်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲမှ ကစားသမားများကို အခြေခံကာ ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းသွားရန် ရှိသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ယင်းခြေစမ်းပွဲအတွက် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၂) ပြီးဆုံးမည့် မေ ၂၁ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်ရန်ရှိပြီး ပြင်ဆင်ချိန် ရက်အနည်း ငယ်သာ ရရှိမည်ဖြစ်သည်။
ယင်းပွဲမှာ ၂ဝဝ၄ ခုနှစ် နောက်ပိုင်း ၁၄ နှစ်အကြာတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် ပြန်လည်ဖိတ်ကြားခြင်းဖြစ်ပြီး ၂ဝဝ၄ ခုနှစ်က ကွမ်ကျိုးမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ကာ တရုတ်လက်ရွေး စင်အသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် တရုတ်လက်ရွေးစင် အသင်းတို့ခြေစမ်းပွဲကို မေ ၂၆ ရက်တွင် တရုတ်နိုင်ငံ နန်းကျင်းမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အသင်းကို မေ ၂၁ ရက်တွင် စတင်ဖွဲ့စည်းကာ မေ ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲအတွက် အပြီးသတ်ကစားသမား စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment