Latest News

Wednesday, May 9, 2018

မြောင်းမြမြစ်ကူးကြိုးတံတားပြတ်ကျအပြီး လပွတ္တာရေယာဉ်လိုင်း ဝင်ငွေကောင်း

မြောင်းမြမြစ်ကူးကြိုးတံတားပြတ်ကျအပြီး လပွတ္တာရေယာဉ်လိုင်း
ဝင်ငွေကောင်း

ဖျာပုံ  မေ  ၉

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိလပွတ္တာခရိုင် လပွတ္တာမြို့သည်
ပင်လယ်ပြင်နှင်ဆက်စပ်လျက်ရှိ၍လူဦးရေထူထပ်စွာနေထိုင်လျက်ရှိပြီးရေထွက်ကုန်နှင့်ဆန်စပါးlဆားထွက်ရှိသောမြို့ဖြစ်၍လူမှုစီးပွားဖွံ့ဖြိုး
တိုးတက်နေသည့်ခရိုင်မြို့တစ်မြို့ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးမှာရာသီမရွေးသွားလာနိုင်သည့်ကားလမ်းနှင့်
ရေလမ်းခရီးများရှိပြီး၂၀၁၈ခုနှစ်ဧပြီ၁ရက်ကမြောင်းမြမြစ်ကူးကြိုး
တံတားပြတ်ကျခဲ့သဖြင့်ခရီးသည်နှင့်ကုန်ပစ္စည်းများရေလမ်းခရီးဖြင့်
သွားလာပို့ဆောင်လျက်ရှိကြောင်းသိရသည်။

ပြည်တွင်းရေကြောင်းပို့ဆာင်ရေးမြစ်ဝကျွန်းပေါ်ဌာနခွဲမန်နေဂျာဦးသိန်းမြင့်အားမေပထမပတ်ကလပွတ္တာရေကြောင်းခရီးစဉ်အားတွေ့ဆုံမေးမြန်းရာလပွတ္တာမြို့သို့ရန်ကုန်မြို့ဘုန်းကြီးလမ်းဗောတံတားမှတစ်ပတ်နှစ်ကြိမ်(အင်္ဂါနေ့နှင့်သောကြာနေ့)မွန်းလွဲ၂နာရီအတွင်းလမ်းအပြင်လမ်းပုံမှန်ထွက်ပေးလျက်ရှိကြောင်းထွက်ပေးသည့်လိုင်းရေယာဉ်များမှာရေကြောင်းအန္တရယ်ပိုမိုစိတ်ချရသည့် "ဝေဿန္တရာရေယာဉ်နှင့်ဗလရာဇာရေယာဉ် "များဖြစ်ပြီးရန်ကုန်ကအထွက်မီးဖိုချောင်သုံးစ္စည်းများ၊ ရေလုပ်ငန်းသုံး ပစ္စည်းများနှင့်ပရိဘောဂပစ္စည်းများတင်ဆောင်ရပြီးခရီးသည်ကတော့ယခင်ကထက်များလာကြောင်း၊ လပွတ္တာကထွက်ရင်တော့ရေထွက် ပစ္စည်းများ၊ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ဆားအိတ်များနှင့်အခြားဒေသထွက်ပစ္စည်းများတင်ဆောင်ရကြောင်းlမြောင်းမြမြစ်ကူးတံတားပြတ်ကျအပြီးနောက်ပိုင်းယနေ့အထိဝင်ငွေကောင်းလျက်ရှိကြောင်းပြောသည်။

ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းမြစ်ဝကျွန်းပေါ်ဌာနခွဲ၏ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအနက်လပွတ္တာရေလမ်းခရီးသည်ပုံမှန်ဝင်ငွေရရှိနေရာမှယခုရက်ပိုင်းဝင်ငွေကောင်းနေသည့်ရေလမ်းခရီးတစ်ခုဖြစ်လာကြောင်းသိရသည်။
                       
အောင်ဝင်း-ဖျာပုံ

No comments:

Post a Comment