ကျောင်းဆရာမကို သတ်သည့်တရားခံ၏ ဇနီးမောင်နှံ
နှစ်ဦး ပုဆိုးတစ်ကွင်းထဲဝင်ပြီး ရေနစ် သေကြောင်းကြံရာမှ လူသတ်မှုပေါ်ပေါက်
ဖောင်းပြင် မတ် ၂၆
ဓမ္မစကူးလ် ကျောင်းဆရာမကို မုဒိန်းကျင့်ဖို့ကြံစည်ရင်း လက်လွန်ပြီးသတ်မိတဲ့ ပြစ်မှုကျူးလွန်သူတရားခံအား ရေနှစ်သေဆုံးရန် ပြုလုပ်နေစဉ် ဖမ်းဆီးရမိသည်ဟု ဖောင်းပြင်မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းစိုးမှ မှုခင်းရှုထောင့်ဂျာနယ်သို့ ပြောကြားသည်။
ဖြစ်စဉ်တွင် ဖောင်းပြင်မြို့နယ် မန်မော်ရွာ ၂၀၁၈ မေ ၂၂ ရက်နေ့ အ.လ.က (မန်မော်)၌ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဓမ္မစကူးလ် ကျောင်းဆရာမ ဒေါ်ခင်နှင်းရီ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းနေစဉ် ပုဆိုးတစ်ကွင်းထဲ ဇနီးမောင်နှံနှစ်ဦး ရေနစ်သေရန် ကြံစည်မှု ဖြစ်ပွားကြောင်း ဖောင်းပြင်မြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခြင်းဖြင့် လိုက်သွား၍ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်ခဲ့သည်ဟုပြော ကြားသည်။
တရားခံ စိုးထက်နိုင် ထွက်ဆိုချက်အရ ၂၀၁၈ မေ ၂၂ ရက်နေ့၌ ဆရာမလေး ဒေါ်ခင်နှင်းရီဟာ ဖောင်းပြင်မြို့ ကနေ လာမယ့်လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ဦးကို သွားရောက်ကြိုဆိုဖို့ မန်မော်- ပိုးစာကုန်းရွာချင်းဆက်လမ်းမှာ ကြိုရန်သွားရောက်စဉ် လမ်း၌ သေဆုံးသူ ကျောင်းဆရာမ ဆိုင်ကယ်စီးလာသည်အား တွေ့၍ အနီးနားရှိတုတ်ပိုင်းဆွဲကိုင်ကာ မှီအောင် ဆိုင်ကယ်နှင့်လိုက်ခဲ့ရင်း မေ့အောင် ဆိုပြီး နောက်မှရိုက်လိုက်စဉ် သေးဆုံးသူတွင် လဲကျသွား၍ နောက်ထပ် နှစ်ချက်ထပ်မံရိုက်ချက်ဖြင့် ရေမြောင်းကျသွားလို့ ဘေးနားရှိ အုပ်ခဲကျိုးဖြင့် ထပ်မံနှစ်ချက် ထပ်ထုပြီး ရေမြောင်းမှ လှမ်းဆွဲတင်ရာ အတွင်းခံဘောင်းကျွတ်သွား၍ လွှင့်ပစ်ပြီး ဆိုင်ကယ်တစ်စီး မောင်းလာသံကြားရသဖြင့် သေဆုံးသူ စီးလာသော ဆိုင်ကယ်အား ထုရိုက်ကာ ရေမြောင်းသို့ တွန်းချပြီး ထမီအားခြုံပေး၍ ထွက်ပြေးလာကြောင်း။
၂၀၁၈နေ့ မတ် ၂၄ရက်နေ့ သေဆုံးသူ ဓမ္မစကူးလ် ကျောင်းဆရာမ ဒေါ်ခင်နှင်းရီ သင်္ဂြိုလ်နေ့တွင် တရားခံ စိုးထက်နိုင်၏ ဇနီးဖြစ်သူ သွားရောက် သင်္ဂြိုလ်ပြီး ပြန်ရောက်စဉ် မိန်းမဖြစ်သူအားရှင်းပြပြီး နောက်နေ့ မတ် ၂၅ရက်နေ့၌ ဆီဆိုင်တစ်သို့ ဆီဝယ်ယူရန်ဟု ထွက်လာရင်း ပုဆိုးတစ်ကွင်းထဲ အတူဝင်ရောက်ကာ ရေထဲ နစ်မြုပ် သတ်သေရန် ကြံစည်စဉ် ကျေးရွာသား တစ်ချို့တွေ့ရှိသော ကြောင့် အမှုမှန် ပေါ်ပေါက်ခဲ့သည်ဟု ထွက်ဆိုချက် သတင်းရရှိပါသည်။
ထိုနောက် ဖောင်းပြင်မြို့မရဲစခန်း၌ (ပ) ၆၅ /၂၀၁၈။ရာဇသတ်ကြီး ၃၀၂ နဲ့အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဖောင်းပြင်မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းစိုးမှ မှုခင်းရှုထောင့်ဂျာနယ်သို့ ပြောကြားသည်။
သာခိုင်(တံမြက်စည်း)
Saturday, May 26, 2018
ကျောင်းဆရာမကို သတ်သည့်တရားခံ၏ ဇနီးမောင်နှံ နှစ်ဦး ပုဆိုးတစ်ကွင်းထဲဝင်ပြီး ရေနစ် သေကြောင်းကြံရာမှ လူသတ်မှုပေါ်ပေါက်
ကျောင်းဆရာမကို သတ်သည့်တရားခံ၏ ဇနီးမောင်နှံ နှစ်ဦး ပုဆိုးတစ်ကွင်းထဲဝင်ပြီး ရေနစ် သေကြောင်းကြံရာမှ လူသတ်မှုပေါ်ပေါက်
Reviewed by Ar Ti
on
3:29 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment