ကျွန်းလှမြို့နယ် ကျောက်အိုင်ကျေးရွာဟောင်း အနောက်ဘက်၌ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ
ကျွန်းလှ မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ကျောက်အိုင်ကျေးရွာ ဟောင်းကုန်းအနီး၌ မေ ၂၄ ရက်က ရှေးဟောင်းဆင်းတုတော် ၁၉ ဆူနှင့် ဦးခေါင်းတော်မပါ ခြောက်လက်မခန့်ရှိ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ တွေ့ရှိခဲ့ ကြောင်း သိရသည်။
ထိုရှေးဟောင်းဆင်းတုတော်များကို ကန့်ဘလူမြို့နယ် ရွာသစ်ကုန်းကျေးရွာနေ မောင်ရာစိန်သည် မိဘပိုင်ယာခင်းအနီး ကျောက်အိုင်ကျေးရွာ ဟောင်းကုန်းအနောက် ဘုန်းတော်ကြီးကျောင်းမြောက်ဘက် ပေ ၄ဝ ခန့်အကွာ စေတီဘုရားဟောင်းပေါ် ပေါက်နေသော ဝါးပင်အား ငါးမျှားတံပြုလုပ်ရန်ခုတ်စဉ် နှစ်လက်မအရွယ်၊ သုံးလက်မ အရွယ်နှင့် လေးလက်မအရွယ်ရှိ ကြေးဆင်းတုတော် ၁၉ ဆူနှင့် ဦးခေါင်းတော် မပါ ခြောက်လက်မခန့်ရှိ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်းထုတော်များအား ကန့်ဘလူမြို့နယ် ရွာသစ်ကုန်း ဘုန်းတော်ကြီး ကျောင်း၌ ကိုးကွယ်ပူဇော်ထားကြောင်း ကျောက်အိုင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ကပြောသည်။
မျိုးဝင်းညို(ကျွန်းလှ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment