ပုသိမ်မြို့တွင်တရားဥပဒေစိုးမိုးရေးအတွက်တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနိုင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ပုသိမ် မေ ၂၆ရက်
.
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ယနေ့မေလ ၂၆ရက်နေ့ နံနက် ၉နာရီအချိန်၌ တရားဥပဒေစိုးမိုးရေးအတွက်တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနိုင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသတင်းရ ရှိသည်
အဆိုပါပွဲကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ်ဦးလှမိုးအောင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင် ဧရာဝတီတိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချူပ် ဦးသန်းထွန်း ဥပဒေချူပ် ဦးသန်းရွှေ နှင့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမူ့ဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ နေပြည်တော်မှ အတွင်းရေးမှူးအမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်တို့မှ အမှာစကားပြောကြားခဲ့သည်
ဧရာဝတီတိုင်းဒေသကြီးတိုင်းအစိုးရအဖွဲ့ မှစည်ပင်ဝန်ကြီဦးကျော်မြင့်နှင့် ရခိုင်ဝန်ကြီးဦးတင်စော လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ ပုသိမ်တက္ကသိုလ် ဥပဒေမေဂျာဌာနမှ ဆရာမများ ရှေ့နေများ အစိုးရဝန်ထမ်းများ ရဲတပ်ဖွဲ့ ဝင်များ အနယ်နယ်အရပ်ရပ်မှ အရပ်ဘက်လူ့အဖွဲ့အစည်းများ တောင်သူလယ်သမားအဖွဲ့အစည်းများ လူမူရေးအသင်းအဖွဲ့ များ လူ့အခွင့်ရေးအဖွဲ့ အစည်းများ NLDပါတီဝင်လူငယ်တစ်ချို့နှင့်အမျိုးသမီးအဖွဲ့ အစည်းများစုစုပေါင်းလူဦးရေ ၃၀၀ခန့်တက်ရောက်ခဲ့ကြပါသည်
အဲဒီပွဲကို နံနက် ၉နာရီမှ ညနေ၅နာရီအထိဆွေးနွေးပွဲအချိန်သတ်မှတ်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ
ဧရာဝတီတိုင်း ဝန်ကြီးချူပ်ဦးလှမိုးအောင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမူ့ဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ နေပြည်တော်မှ အတွင်းရေးမှူးအမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် တရားသူ့ကြီးချူပ်ဦးသန်းထွန်းနှင့် ဥပဒေချူပ်ဦးသန်းရွှေတို့ ဆွေးနွေးပွဲမပြီးဆုံးခင်ပြန်သွားခဲ့ကြသည်ကို ဆွေးနွေးဖို့ရန်အတွက် တက်ရောက်လာခဲ့ကြသူများက အားရကြေနပ်မူ့မရှိခဲ့ကြောင်းဆွေးနွေးပွဲတက်ရောက်သူများထံမှ သိရသည်
"ဒီဆွေးနွေးတဲ့ရက်ကရုံးပိတ်ရက်လည်းဖြစ်တော့တက်ရောက်လာကြတဲ့သက်ဆိုင်ရာဥပဒေပညာရှိကြီးတွေနဲ့ ဝန်ကြီးချုပ်တို့ကို ပြည်သူတွေကိုဒီတရားဥပဒေစိုးမိုးရေးနဲ့ပက်သက်ပြီးအဓိကကျတဲ့စကားတွေနဲ့ဆွေးနွေးပြီးပြောစေချင်တာ အမှာစကားပြောကြားသွားတာလေးတွေက ကောင်းပါတယ် ဆွေးနွေးဖို့အတွက်ရှိနေစေချင်သေးတာပါ ပြည်သူအသံတွေလည်းနားထောင်ပြီး ပြန်ဆွေးနွေးပေးစေချင်တာခုတော့ အမှာစကားပြောဖွင့်ပွဲဖွင့်ပြန်သွားကြ အဲလိုကြီးအားမရဘူးဒါကြီးကအစဉ်အလာကြီးလိုမဖြစ်စေချင်ဘူး ကျွန်တော်အနေနဲ့ ဒီဆွေးနွေးပွဲကိုတရားဥပဒေစိုးမိုးရေးကို လိုချင်လို့ဖြစ်စေချင်လို့ ခုလိုတက်ရောက်လာခဲ့တာပါ"ဟု ပုသိမ်မြို့ HRDPအဖွဲ့မှ ဦးဇော်မိုးကတိုင်းဧရာကိုပြောသည်
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ် GPIရုံးမှ ပူးပေါင်းကူညီထားပြီး GPIရုံးအနေနှင့် တရားဥပဒေစိုးမိုးရေးအတွက်တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနိုင်းရေးအတွက် ခုလိုအလုပ်ရုံဆွေးနွေးပွဲများအားအမြဲပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းGPIရုံးမှကိုတင်လင်းအောင် ထံမှ သိရသည်
သတင်းထောက် =ရွှေရည်ဝင်း
ဓာတ်ပုံ =ရွှေရည်ဝင်း
Saturday, May 26, 2018
ပုသိမ်မြို့တွင်တရားဥပဒေစိုးမိုးရေးအတွက်တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနိုင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ပုသိမ်မြို့တွင်တရားဥပဒေစိုးမိုးရေးအတွက်တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနိုင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Reviewed by Ar Ti
on
4:09 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment