Latest News

Friday, May 25, 2018

မြောက်ကိုရီးယားနှင့် တွေ့ဆုံပွဲကို အမေရိကန်ဖျက်သိမ်း

မြောက်ကိုရီးယားနှင့် တွေ့ဆုံပွဲကို အမေရိကန်ဖျက်သိမ်း

ဝါရှင်တန်  မေ  ၂၄

အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံနှင့်  မြောက်ကိုရီးယား နိုင်ငံတို့ ဇွန်  ၁၂  ရက်တွင် စင်ကာပူ၌ တွေ့ဆုံရန်    ကြိုတင်စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်း  မေ ၂၄ ရက်က ကြေညာခဲ့သည်။

မြောက်ကိုရီးယား  ခေါင်းဆောင် ကင်ဂျုံအန်း၏ မကြာသေးမီက ထုတ် ပြန်ချက်တွင် အမျက်ဒေါသနှင့်  ရန်လို မုန်းတီးမှုများ  ပါဝင်နေသောကြောင့် မြောက်ကိုရီးယားနှင့်တွေ့ဆုံမည့် အစည်း အဝေးကို  စိတ်မကောင်းစွာဖြင့်  ဖျက် သိမ်းလိုက်ရကြောင်း  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းထံသို့ ရေးသား ပေးပို့သောစာနှင့်   အိမ်ဖြူတော်ဝက်ဘ် ဆိုက်စာမျက်နှာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း စင်ကာပူတွင် ပြုလုပ်မည့် တွေ့ဆုံပွဲအတွက် ကနဦးပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို အသိအမှတ်ပြု ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင်      မြောက်ကိုရီးယား ခေါင်းဆောင်  ကင်ဂျုံအန်း၏ မကြာ သေးမီက ထုတ်ပြန်ချက်တွင် နျူကလီး ယားလက်နက်အစွမ်းကို ထုတ်ပြောခဲ့ပါ ကြောင်း၊ အဆိုပါလက်နက်အစွမ်းကို မည်သည့်အချိန်မျှ ထုတ်မသုံးစေရန် ဘုရားသခင်ထံတွင် ဆုတောင်းကြောင်း၊ မြောက်ကိုရီးယားဘက်မှ ပြန်လွှတ်ပေးခဲ့ သည့်     ဓားစာခံများအတွက်လည်း ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောခဲ့သည်။

မြောက်ကိုရီးယား   ခေါင်းဆောင် အနေနဲ့အကယ်၍ ယခုကဲ့သို့ အရေးကြီး သော  အစည်းအဝေးမျိုး  ထပ်မံလုပ် ဆောင်ရန် စိတ်ပြောင်းခဲ့ပါက မိမိထံသို့ ဆက်သွယ်အကြောင်းကြားရန် တွန့်ဆုတ် မနေပါနှင့်ဟု     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်းနှင့်ထပ်မံတွေ့ဆုံရန်    မျှော်လင့် ကြောင်းနှင့်    မြောက်ကိုရီးယားနှင့် က္ဘာကြီးသည် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြောင်း၊  သို့သော်လည်း  ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို   ဆုံးရှုံး လိုက်ရသည့်အတွက် သမိုင်းတွင် တကယ် စိတ်မကောင်းစရာတစ်ခုဖြစ်ခဲ့ကြောင်း အမေရိကန်သမ္မတ   ဒေါ်နယ်ထရန့်က ဆက်လက်ပြောခဲ့သည်။  

မြန်​မာ့အလင်း

No comments:

Post a Comment