Latest News

Friday, May 25, 2018

နျူကလီးယားလက်နက် စမ်းသပ်ရေးနေရာများ ပြုံယမ်းဖျက်သိမ်း

နျူကလီးယားလက်နက် စမ်းသပ်ရေးနေရာများ ပြုံယမ်းဖျက်သိမ်း

ပြုံယမ်း  မေ  ၂၄

မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ နျူကလီးယားလက်နက် စမ်းသပ်ရေးစခန်းများ ဖျက်သိမ်းခြင်းကို မေ ၂၄ ရက်တွင် မြောက်ကိုရီးယားအစိုးရက စတင်ဆောင်ရွက်ခဲ့သည်ဟု နိုင်ငံတကာမီဒီယာက သတင်းရေးသားကြသည်။

မြောက်ကိုရီးယားနိုင်ငံ     ဟမ်ချောင်စီရင်စု မြောက်ပိုင်းရှိ  ပန်ဂျေးရီနျူကလီးယားဒုံးလက်နက် စမ်းသပ် ပစ်လွှတ်သည့်နေရာ(အောက်ပုံ)ကို  မေ ၂၅ ရက်မတိုင်မီ အပြီးသတ်ပိတ်သိမ်းမည်ဖြစ်ကြောင်း မြောက်ကိုရီးယား တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ   နျူကလီးယားလက်နက်စမ်းသပ် ပစ်လွှတ်နေရာများအား  ဖျက်သိမ်းမှုကို  အမေရိကန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားနိုင်ငံများမှ သတင်းမီဒီယာများက စောင့်ကြည့်ကာ သတင်းရေးသား ခဲ့ကြသည်။

မေ ၂၄ ရက်တွင် နျူကလီးယားလက်နက် စမ်းသပ် သည့်နေရာများနှင့် ဥမင်လိုဏ်ခေါင်းသုံးခုတို့ကို ဖောက်ခွဲ ဖျက်ဆီးခဲ့မှုများကို  နိုင်ငံတကာမီဒီယာက  သတင်းများ ရေးသားကြသည်။  အဆိုပါဖျက်သိမ်းခြင်းကို  ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄ နာရီ တွင် လုပ်ငန်းများ အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

ဇွန် ၁၂ ရက်တွင်  ကျင်းပမည့်  အမေရိကန်-မြောက်ကိုရီးယား   နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ နျူကလီးယားလက်နက်စမ်းသပ်နေရာများကို ပြုံယမ်းက ဖျက်သိမ်းပစ်ခြင်းမှာ ကိုရီးယားကျွန်းဆွယ် ဒေသတွင်း နျူကလီးယားလက်နက်  ကင်းစင်ပပျောက် စေရန် ကြိုးပမ်းချက်တစ်ခုအနေဖြင့် ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။        

Mirror

No comments:

Post a Comment