မြန်မာ့ပြောင်း ပြည်ပတင်ပို့မှုယခင်နှစ်များ ကထက် စံချိန်တင်ပို့နိုင်
ရန်ကုန် မေ ၇
မြန်မာနိုင်ငံမှထွက်သော ပြောင်းဖူးစေ့များကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အာရှနိုင်ငံများမှ ပိုမိုဝယ်ယူခဲ့၍ ပြည်ပတင်ပို့ ရောင်းချမှုမှာ ယခင်ဘဏ္ဍာနှစ်များ ကထက် တင်ပို့နိုင်ခဲ့ပြီး ပြည်ပတင်ပို့ ရောင်းချမှု ကာလတစ်လျှောက်တွင် စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့ပြောင်းဖူးစေ့ တင်ပို့ရောင်းချမှု တန်ချိန် ၁ ဒသမ ၄၃ သန်းကျော် အထိရှိပြီး မြန်မာ့ပြောင်းကို တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်းနှင့် တရုတ်(တိုင်ပေ) စသည့်နိုင်ငံတို့မှ ယခင်ဘဏ္ဍာနှစ်များကထက် ပိုမိုဝယ်ယူခဲ့ခြင်း ဖြစ်သည်။
''မြန်မာ့ပြောင်းဖူး အရည်အသွေးက ကောင်းတာကြောင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ပုံမှန်ဝယ်နေကျ အာရှနိုင်ငံတွေက မျှော်မှန်းထားတဲ့ ပမာဏထက် ပိုမိုဝယ်ယူ ခဲ့လို့ စံချိန်တင်ရောင်းချ နိုင်ခဲ့တာပါ။ လာမယ့် ဘဏ္ဍာနှစ်တွေမှာလည်း ပြည်ပတင်ပို့ ရောင်းချမှု ပမာဏ တိုးတက်ဖို့ လုပ်ဆောင်မှာပါ။ အရည်အသွေးပိုင်းက အထူးအရေးကြီး တာကြောင့် နည်းပညာကို အသုံးပြုပြီး အရည်အသွေးပိုင်း မြှင့်တင်မှုကို နှစ်စဉ်အချိန်ယူ လုပ်ဆောင်မှာပါ။ မြန်မာ့ပြောင်းဖူးက နိုင်ငံခြား ဝင်ငွေများစွာ ရှာဖွေပေးနေတဲ့ သီးနှံတစ်မျိုးပါ''ဟု ၎င်းကပြောသည်။
အာရှနိုင်ငံများက မြန်မာ့ပြောင်းဖူးကို ဝယ်ယူ၍ တိရစ္ဆာန် အစာနှင့် စားသုံးကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး မြန်မာ့ပြောင်းဖူး အများအပြား ဝယ်ယူသောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း သိရသည်။
MWD
Subscribe to:
Post Comments (Atom)
No comments:
Post a Comment