Latest News

Tuesday, May 8, 2018

ဘာစီလိုနာနှင့် ပွဲတွင် ဒဏ်ရာ ရခဲ့သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပါဝင်နိုင်မည်ဟု စီရော်နယ်ဒို ယုံကြည်

ဘာစီလိုနာနှင့် ပွဲတွင် ဒဏ်ရာ ရခဲ့သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပါဝင်နိုင်မည်ဟု စီရော်နယ်ဒို ယုံကြည်

မက်ဒရစ် မေ ၇

ရီးယဲလ်အသင်း၏ အဓိက တိုက်စစ်မှူး စီရော်နယ်ဒိုသည် ယမန်နေ့ညက ကစားသည့် ဘာစီလိုနာနှင့် လာလီဂါပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သော်လည်း လီဗာပူးနှင့် ကစားရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပါဝင်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောသည်။

ရီးယဲလ်နှင့် ဘာစီလိုနာတို့ပွဲစဉ်မှာ နှစ်ဂိုးစီသရေကျခဲ့ပြီး စီရော်နယ်ဒိုသည်လည်း ထိုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည်။ သို့သော် စီရော်နယ်ဒိုမှာ ပီကေးနှင့် ထိခိုက်မိပြီး ညာဘက်ခြေချင်းဝတ်ဒဏ်ရာရခဲ့ကာ ဒုတိယပိုင်းတွင် လူစားလဲခဲ့ရသည်။ ရီးယဲလ်နည်းပြ ဇီဒန်းက စီရော်နယ်ဒိုမှာ ညာဘက်ခြေချင်းဝတ် ဒဏ်ရာရသွားခြင်းကြောင့် လူစားလဲခဲ့ရ ကြောင်းနှင့် နောက်ရက်တွင် ဒဏ်ရာကို Scan စစ်ဆေးပြီးမှ ဒဏ်ရာ အတိမ်အနက်ကို သိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

ဇီဒန်းက ''လက်ရှိမှာတော့ စီရော်နယ်ဒို ခြေချင်းဝတ်လည်တဲ့ ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ သိပ်ပြီးဆိုးရွားတဲ့ အနေအထား မ ဟုတ်ဘူးလို့ထင်ပါတယ်။ နောက်နေ့မှာ Scan စစ်ဆေးပြီးရင် သိရမှာပါ။ စီရော်နယ်ဒိုကိုယ်တိုင်က သိပ်ပြီးဆိုးရွားတဲ့ ဒဏ်ရာမဟုတ်ဘူးလို့ ကျွန်တော်တို့ကို ပြောခဲ့တယ်''ဟု ပြော သည်။ ထိုပွဲတွင် ဘာစီလိုနာအသင်းမှ ဆာဂျီရော်ဘတ်တို အနီကတ်ထိခဲ့ပြီး နှစ်သင်းကစားသမားများ ကွင်းထဲတွင် ငြင်းခုံမှုများစွာလည်း ဖြစ်ခဲ့သည်။

ထိုပွဲတွင် ကွင်းလယ်ဒိုင်လူကြီး ဟာနန်ဒက်ဇ်မှာ ပထမပိုင်းအပြီး ဆာဂျီရော် ဘတ်တိုကို ထုတ်ပယ်သလို ပွဲချိန်နှောင်းပိုင်းတွင် ရီးယဲလ်အသင်း ရသင့်ရထိုက်သည့် ပယ်နယ်တီတစ်ဂိုးကို လည်းမပေးခဲ့ပေ။ ရီး ယဲလ်အသင်း ခေါင်းဆောင်ရာမို့စ်က မက်ဆီသည် ပထမပိုင်းအပြီး ဥမင်တွင်းအဝင်တွင် ကွင်းလယ်ဒိုင်အား မိမိအားထုတ်ပယ်ရန် ဖိအားပေးပြောဆိုခဲ့ကြောင်းနှင့် ဘောလုံး သမား များသည် ကွင်းထဲ တွင်သာ ဘောလုံးကစားရန်လိုအပ်ပြီး ကွင်းပြင်ပအထိ လိုက်လံဖိအားပေးခြင်း မလုပ်သင့်ကြောင်း ဝေဖန်ခဲ့သည်။

MWD

No comments:

Post a Comment