Latest News

Tuesday, May 8, 2018

အုပ်​ချုပ်​​ရေးမှူးအိမ်​အား ဝင်​ခိုးတဲ့သူခိုးကို လုံး​ထွေးသတ်​ပုတ်​ဖမ်းဆီးရမိ

အုပ်​ချုပ်​​ရေးမှူးအိမ်​အား ဝင်​ခိုးတဲ့သူခိုးကို လုံး​ထွေးသတ်​ပုတ်​ဖမ်းဆီးရမိ

ပဲခူးမြို့၊အမှတ်​(၃)နယ်​​မြေရဲစခန်းအပိုင်​၊နာဂဝန်​(၂)လမ်း၊ဥသာမြို့သစ်​(၈)ရပ်​ကွက်​တွင်​(၇.၅.၂၀၁၈)​နေ့ ည(၁၁)နာရီအချိန်​ခန့်​က အုပ်​ချုပ်​​ရေးမှူး​နေအိမ်​အားသူခိုးဝင်​​ရောက်​ခိုးခဲ့ရာ အုပ်​ချုပ်​​ရေးမှူးနှင့်​သူခိုးတို့ လုံး​ထွေးသတ်​ပုတ်​မှုဖြစ်​ပွားခဲ့သည်​။ဖြစ်​စဉ်​မှာအုပ်​ချုပ်​​ရေးမှူးဦး​ကျော်​စိုးဦး(၄၆)နှစ်​၊သည်​ ​နေအိမ်​တွင်​ဇနီးဖြစ်​သူ ​ဒေါ်သန္တာထွန်း၊(၄၄)နှစ်​၊အတူ​နေဖြင့်​အိပ်​​နေစဉ်​ ​နောက်​​ဖေးတံခါးတွန်းဖွင့်​သံကြား၍
လန့်​နိုးသွားသဖြင့်​ ခင်​ပွန်းဖြစ်​သူဦး​ကျော်​စိုးဦးအားနှိုးကာ ခြင်​​ထောင်​အတွင်းမှ သွားကြည့်​ရာ အမည်​မသိအမျိုးသားတစ်​ဦးမှာ ဆိုင်​ကယ်​ဦးထုပ်​​ဆောင်းလျှက်​​နေအိမ်​​အောက်​ထပ်​ရှိ ဆိုင်​ကယ်​အား ​နေအိမ်​အ​ရှေ့သို့ထွန်း​နေသည်​ကို​တွေ့မြင်​ရသဖြင့်​ဦး​ကျော်​စိုးဦးသည်​အမည်​မသိအမျိုးသားနှင့်​လုံး​ထွေးသတ်​ပုတ်​ခဲ့ရာ ဦး​ကျော်​စိုးဦးအား အမည်​မသိအမျိုးသားမှ ဓားဖြင့်​ထိုးသဖြင့်​ ဇနီးဖြစ်​သူမှ ပတ်​ဝန်းကျင်​သို့​အော်​ဟစ်​အကူအညီ​တောင်းခဲ့ရာ ​နေအိမ်​အ​ပေါ်ထပ်​တွင်​အိပ်​​နေ​သောသားသမီးများနှင့်​အိမ်​ပတ်​ဝန်းကျင်​မှ လူများဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အမည်​မသိအမျိုးသားမှာ စန်းလှိုင်​(၄၀)နှစ်​၊ ​ရွှေပြည်​သာမြို့နယ်​၊ရန်​ကုန်​တိုင်း​ဒေသကြီး​နေသူဖြစ်​​ကြောင်းသိရှိရပြီး စန်းလှိုင်​သူမှ ကတ်​​ကြေးဖြင့်​ထိုးသဖြင့်​ ဦး​ကျော်​စိုးဦးတွင်​ဒဏ်​ရာများရရှိခဲ့ပြီးဝိုင်းဝန်းဖမ်းဆီးစဉ်​ စန်းလှိုင်​တွင်​ဒဏ်​ရာရရှိခဲ့၍ပဲခူးပြည်​သူ့​ဆေးရုံတွင်​အတွင်းလူနာ(မစိုးရိမ်​ရ)ဖြင့်​​ဆေးကုသမှုခံယူလျှင်​ရှိပြီးစခန်းမှ စနိးလှိုင်​အားအမှုဖွင့်​အ​ရေးယူထား​ကြောင်းသတင်းရရှိသည်​။

ပဲခူး(သန့်​စင်​)

No comments:

Post a Comment