Latest News

Thursday, May 10, 2018

ပုသိမ်​မြို့တွင်​ တိုင်းအစိုးရဘတ်​ဂျက်​​ငွေဖြင့်​ လုံခြုံ​ရေးကင်​မရာများ တပ်​ဆင်​မည်

ပုသိမ်​မြို့တွင်​ တိုင်းအစိုးရဘတ်​ဂျက်​​ငွေဖြင့်​ လုံခြုံ​ရေးကင်​မရာများ တပ်​ဆင်​မည်

ပုသိမ် မေ၁၁ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ၂၀၁၇ ၂၀၁၈တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ငွေ သိန်း၃၀၀ကျော်အသုံးပြု၍  ပုသိမ် မြို့ ၏နေရာအနှံအပြားတွင် CCTV၇၆လုံး  တပ်ဆင်သွားမည်ဟု သတင်းရ ရှိသည်

၎င်း CCTVများကို တာဝန်ကျ ရဲအရာရှိများ၏ဖုန်းများနှင့်လည်းချိတ်ဆက် ထားသွားမှာဖြစ်ပြီး  ရဲတပ်ဖွဲ့မှူးရုံးများတွင်လည်း  မူခင်းဖြစ်စဉ်များကို ကွန်ပျူတာဖြင့်စောင့်ကြည့်သွားဖို့ရန်အတွက်ဖြစ်ကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့ မှူးရုံးမှသိရသည်

ပုသိမ် မြို့မှာ  လုယက်မှူ မုဒိန်းမူ့တွင် အဖြစ်များနေသော်ကြောင့်    "ရာဇဝဏ်ဘေးပြေးမလွတ်" ဆို သည့်စကားအတိုင်း  အမူ့ဖြစ်စဉ်များကို ရှောင်ပြေးလို့မရအောင် လိမ်လို့မရအောင် ရဲတပ်ဖွဲ့များ စောင့်ကြည့်လို့ရအောင် အမူ့ ဖြစ်နေသည့်ဟု သတင်း ပေး လာရင် ဖုန်းနဲ့တကယ်ဟုတ်မဟုတ် စစ်ဆေးလို့ရအောင် တပ်ဆင်ထားခြင်းဖြစ်ကြောင်း  တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်ထံမှ သိရသည်

"CCTV၇၆လုံးတပ်ဆင်သွားမှာပါ အစိုးရ ရဲ့ဘတ်ဂျက်ထောက်ပံ့ ငွေနဲ့ ခုလိုလုပ်ဆာင်ရခြင်းဖြစ်ပါတယ် ပုသိမ်မြို့ရဲ့ အချက်အခြာကျတဲ့နေရာတွေလဲပါမယ်နေရာစုံအောင်တပ်ဆင်သွားမှာပါ ခုဆို အလုံး ၃၀ကျော်တပ်ဆင်လို့ပြီးပါပြီ "ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ် က တိုင်းဧရာကိုပြောသည်

ပုသိမ်မြို့မှာ  CCTVတပ်ဆင်ခြင်းသည် ပုသိမ်မြို့ရဲ့ဂုဏ်ကိုဆောင်စေတာဖြစ်ကြောင်း အမူ့တစ်ခုဖြစ်မည်ဆိုရင်CCTVရှိပါလားဆိုသည့် သတိတစ်ခုနဲ့  စိတ်အလိုလိုက်သည့် အမူ့တွေလျော့နည်းသွားမည်ဟုထင်ပါကြောင်း  တရားခံကိုလည်းအတိအကျ သိစေရန်အတွက်သက်သေတစ်ခုအဖြစ် အားကိုးလို့ရကြောင်း ပုသိမ် ဒေသခံအများစုမှ သး၎င်းတို့၏အမြင်ကို တိုင်းဧရာကိုပြောသည်

ပုသိမ် မြို့တစ်ဖက်ကမ်းတွင်လည်း မူးယစ်ရမ်းကားမူ့ များ ညအချိန်မတော်ရန်ဖြစ်စကားမူ့များ အဖြစ်များနေသော်လည်း ရဲတပ်ဖွဲ့ များအနေနှင့် မူ့ခင်းစောင့်ကြည့်လို့ ရအောင် CCTVတပ်ဆင်ထားသင့်ကြောင်း ပုသိမ် တစ်ဖက်ကမ်းအမှတ်(၉)နယ်မြေ  သဘောင်္ကျဉ်းရပ်ကွပ် ကမ်းနားလမ်းရှိ ၁၀အိမ်မှူးဦးကျော်မြင့် မှ  ၎င်းCCTVတပ်ဆင်သည့်ကိစ္စနှင့်ပက်သက်ပြီးသုံးသပ်ပြောကြားသည်

ယခုလို ပုသိမ်မြို့တွင် CCTVတပ်ဆင်ခြင်းသည် ဧရာဝတီတိုင်းဒေသကြီးအနနှင့် ပထမဆုံးအချိန်ဖြစ်သည်


သတင်း =ရွှေရည်ဝင်း
ဓာတ်ပုံ =ရွှေရည်ဝင်း

No comments:

Post a Comment