လျှပ်စစ်အသိ၊ လျှပ်စစ်သတိ
လျှပ်စစ်ဓာတ်အားကို ပေါ့ဆစွာ သုံးစွဲကြသည့်အတွက် မီးလောင်ဆုံးရှုံးမှုနှင့် ဓာတ်လိုက်မှုများ မကြာခဏဖြစ်ပေါ် လျက်ရှိပါသည် ။
မီးလောင်ဆုံးရှုံးရသည့် အဓိက အကြောင်းရင်း
မီးလောင်ဆုံးရှုံးရသည့် အဓိက အကြောင်းရင်းမှာ ဟောင်းနွမ်းဆွေးမြည့်နေသော ဝိုင်ယာကြိုးများ အသုံးပြုမှု နှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် မီးဖို၊ ပေါင်းအိုး၊ ရေနွေးအိုး၊ မီးပူ စသည်တို့အား မေ့လျော့ကာ ဖွင့်ထားမိခြင်းတို့ကြောင့် ဖြစ်ပါသည်။ လျှပ်စစ်ဝိုင်ယာကြိုး မှတစ်ဆင့် မီးလောင်မှုဖြစ်ပေါ်ခဲ့လျှင် ရှေးဦးစွာ လျှပ်စစ် မိန်းခလုတ်ကိုပိတ်ပါ။ သက်ဆိုင်ရာလျှပ်စစ်ရုံးနှင့် မီးသတ်ရုံး ကို ဖုန်းဆက်ပြီး သတင်းပို့ပါ။ မီးသတ်ဆေးဘူးဖြင့် ပက်ဖျန်း ငြှိမ်းသတ်ပါ။ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီ တောင်းပါ။
လျှပ်စစ်မီးဘေးအ္တရာယ်မဖြစ်စေရန် ကြိုတင်ကာကွယ် မှုအဖြစ်-
- ဟောင်းနွမ်းဆွေးမြည့်နေသော ဝိုင်ယာကြိုးများ
ကို အရည်အသွေး အဆင့်မီသော ဝိုင်ယာကြိုးများ
ဖြင့် အသစ်လဲလှယ်ပါ။
- လျှပ်စစ်ဒဏ်ခံကြိုး (ဖျူးစ်)ကို လိုအပ်သည်ထက်
ပိုမထည့်ပါနှင့်။
- ချွတ်ယွင်းနေသော မီးခလုတ်၊ ပလပ်ပေါက်နှင့်
ဒါးမိန်းများကို အသစ်လဲလှယ်ပါ။
- အပြင်သွားလျှင် မီးခလုတ်အားလုံး ပိတ်ပြီးမှ သွားပါ။
- အိပ်ရာဝင်လျှင် အသုံးမလိုသော မီးခလုတ်များကို
ပိတ်ပြီးမှ အိပ်ပါ။
- မီးပျက်နေချိန်၌ မီးခလုတ် ဖွင့်မထားပါနှင့်။
- မီးသတ်ဆေးဘူး ဝယ်ယူဆောင်ထားပါ။
- အဓိကအနေဖြင့် ကွိုင်မီးဖို၊ ပေါင်းအိုး၊ ရေနွေးအိုး
နှင့် မီးပူ စသည်တို့မှ အပူလွန်ကဲ၍ လောင်နိုင်
သောကြောင့် မီးခလုတ်ပိတ်ရန် မမေ့ပါနှင့်။
သို့မှသာ လျှပ်စစ်မီးဘေးအ္တရာယ်ကို ကြိုတင်ကာကွယ် နိုင်မည် ဖြစ်ပါသည်။
ဓာတ်လိုက်မှုဖြစ်ရခြင်း၏ အဓိကအကြောင်းရင်း
ထို့အတူ ဓာတ်လိုက်မှုဖြစ်ရခြင်း၏ အဓိကအကြောင်း ရင်းမှာ ပေါက်ပြဲနေသောမီးကြိုးကို ထိခိုက်မိခြင်း၊ ပြတ်ကျ နေသောမီးကြိုးကို ခလုတ်တိုက်နင်းမိခြင်း၊ မြေဓာတ်အား စီးဆင်း (Earth) မိနေသော လျှပ်စစ်အသုံးပြုပစ္စည်းများ ဖြစ်သည့် တီဗွီ၊ အောက်စက်၊ အင်တာနာ၊ မော်တာ၊ မီးဖို တို့ကို ကိုင်တွယ်ခြင်း၊ မီးခလုတ်ပိတ်ထားသော်လည်း ဓာတ်အားပြောင်းပြန် (Reverse) စီးဆင်းနေတတ်ခြင်းတို့ ကြောင့် ဖြစ်ပါသည်။
ဓာတ်လိုက်မှုအ္တရာယ်သည် ကြောက်စရာအကောင်း ဆုံးဖြစ်ပြီး တစ်ချက်မှားယွင်းပါက အချိန်ခဏလေးအတွင်း အသက်ဆုံးရှုံးရမည် ဖြစ်ပါသည်။
မိမိရှေ့တွင် လျှပ်စစ်ဓာတ်လိုက်မှုကို တွေ့ကြုံရပါလျှင် ရှေးဦးစွာ လျှပ်စစ်မီးခလုတ်ကို ပိတ်ပါ။ ဓာတ်အားရှိနေပါက သားရေလက်အိတ်အစွပ်၊ အဝတ်ခြောက် (သို့မဟုတ်) သတ္တုကင်းမဲ့သည့်ကြိုးဖြင့် လူနာကို လျှပ်စစ်ကြိုးမှ ဆွဲယူ ဖယ်ရှားပါ။ မိမိကလည်း ခြောက်သွေ့သည့်နေရာပေါ်မှ ဖယ်ရှားပါ။
ဓာတ်လိုက်ခံရသည့်လူနာကို ပြုစုလိုပါလျှင် ...
ပထမပြုစုခြင်းအနေဖြင့် -
- လူနာကို ပက်လက်လှန်ကာ ဦးခေါင်းကို နောက်လှန်
ပြီး မော့ထားပါ။
- လူနာ၏နှာခေါင်းကို ညှစ်ပြီး ပိတ်ထားပါ။
- လူနာ၏ပါးစပ်ကို ဟပြီး အသက်ပြင်းပြင်းရှူသွင်းပါ။
- လူနာ၏ပါးစပ်ကို မိမိပါးစပ်ဖြင့်ငုံ၍ လူနာ၏ရင်အုံ
ြ<ွကလာသည့်တိုင် လေမှန်မှန်မှုတ်သွင်းပြီးမှ မိမိ
ပါးစပ်ကို ခွာလိုက်ပါ။
- လေမှုတ်သွင်းခြင်းကို (၆) ကြိမ်တိတိ အမြန်
ပြုလုပ်ပါ။
- ထို့နောက် (၆)စက္ကန့်ခြား၍ လူနာအသက်မှန်မှန် ပြန်လည်ရှူလာသည့်တိုင် (သို့မဟုတ်) ဆရာဝန်ရောက်ရှိ လာသည့်တိုင် ဆက်လက်ပြုစုပါ။
ဒုတိယ ပြုစုခြင်းအနေဖြင့် -
- အကယ်၍ လူနာ၏ပါးစပ်တွင် ဒဏ်ရာရရှိနေပြီး
လေမှုတ်သွင်းသော်လည်း ရင်အုံ တက်ြ<ွကမှု မရှိလျှင် လူနာ၏ပါးစပ်ကို လက်ဖြင့်ပိတ်ကာ မိမိက အသက်ပြင်းပြင်း ရှူလျက် လူနာ၏ နှာခေါင်းကို ပါးစပ်ဖြင့် လေမှုတ်သွင်းပေးပါ။
- လေမှုတ်သွင်းပြီးနောက် လူနာ၏ပါးစပ်မှ လက်ကို
ဖယ်ထားပြီး မိမိက အသက်ပြင်းပြင်း ပြန်ရှူကာ
လူနာအသက်ပြန်လည်ရှူလာသည့်တိုင်(သို့မဟုတ်)
ဆရာဝန်ရောက်ရှိလာသည့်တိုင် ဆက်လက်ပြုစုပါ။
တတိယပြုစုခြင်းအနေဖြင့် -
- လူနာကိုမှောက်လျက်ထားပြီး ဦးခေါင်းကို
ယှက်လျက်ရှိနေသော ¤င်း၏လက်ပေါ်၌ မိမိပါး
ဖြင့် ကပ်ထားပါ။
- မိမိ၏လက်ဖဝါးနှစ်ခုကို လူနာ၏ လက်ပြင်ပေါ်
တွင်တင်ပြီး ရှေ့သို့ လက်အဆုံး ဖိတွန်းနှိပ်ချပါ။
- ထို့နောက် မိမိ၏အားကို ဖြေးညှင်းစွာလျှော့လျက်
မိမိ၏လက်ဖြင့် လူနာ၏ တံတောင်ဆစ်သို့
ရွှေ့ကိုင်ပြီး မိမိဘက်သို့ 'မ' ၍ ဆွဲယူပါ။
- ထို့နောက် လူနာ၏လက်ကို ပုံမှန်နေရာတွင်
ပြန်ချကာ ယခင်အတိုင်း တစ်ဖန်ပြန်လည် ပြုစုပါ။
- လူနာ အသက်မှန်မှန်ပြန်လည်ရှူလာသည့်တိုင်
(သို့မဟုတ်) ဆရာဝန်ရောက်ရှိလာသည့်တိုင်
ပြုစုပါ။
လျှပ်စစ်ဓာတ်လိုက်မှု မဖြစ်စေရန် ကြိုတင်ကာကွယ်မှု အဖြစ် ...
- ဟောင်းနွမ်းဆွေးမြည့်ပေါက်ပြဲနေသော ဝိုင်ယာ
ကြိုးများကို အရည်အသွေးအဆင့်မီ ဝိုင်ယာကြိုး
များဖြင့် အသစ်လဲလှယ်ပါ။
- ချွတ်ယွင်းနေသော မီးခလုတ်၊ ပလပ်ပေါက်နှင့်
ဒါးမိန်းများကို အသစ်လဲလှယ်ပါ။
- ရေတင်မော်တာ၊ ကွိုင်မီးဖိုတို့အား မြေစိုက်ကြိုး
(Earth) ချပါ။
- မီးပျက်/ မီးပြင်ရှိပါက ကိုယ်တိုင်မပြုလုပ်ဘဲ
နားလည်တတ်ကျွမ်းသည့် (လျှပ်စစ်ကျွမ်းကျင်
လက်မှတ်ရ)သူများကို ခေါ်ယူပြုလုပ်ခိုင်းပါ။
- လျှပ်စစ်နှင့်ပတ်သက်သည့် အရာဝတ္ထုပစ္စည်းများ
ကို ကလေးများ လက်လှမ်းမမီရာတွင် ထားရှိပါ။
သို့မှသာ လျှပ်စစ်ဓာတ်လိုက်မှုအ္တရာယ်ကို ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် လျှပ်စစ်နှင့် ပတ်သက်၍ မီးလောင် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ဓာတ်လိုက်မှုအ္တရာယ် ကင်းဝေးစေရန်အတွက် လျှပ်စစ်အသိ၊ လျှပ်စစ်သတိလေး ထားပြီး အထူးဂရုပြုဆောင်ရွက်သွားကြပါရန် မေတ္တာအရင်း ခံစိတ်ဖြင့် တိုက်တွန်းလိုက်ရပါသည်။ မိဘပြည်သူများ လျှပ်စစ်အ္တရာယ်ကင်းဝေးကြပါစေ ....။ ။
ထွန်းဝင်း(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment